''65''

4K 612 27
                                    

မူသခင်ကြီးနဲ့မူသခင်မကြီးတို့က သူတို့ရဲ့အသည်းလေးမူကျားယွမ်ကို ချင်းလီရွမ်က ​ခေါ်သွားတယ်ဆိုတဲ့သတင်း ကြားပြီးသွားတဲ့နောက် အလွန်တုန်လှုပ်သွားကြတယ် ။ ချင်းလီရွမ်ဆိုတာက ဘယ်သူလဲ? ဒီမြို့မှာ သူ့ကို မသိတဲ့လူမရှိဘူးလေ ။ ချင်းလီရွမ်က အထက်တန်းလွှာအသိုင်းအဝိုင်းမှာ အရမ်းနာမည်ကြီးတယ် ။ အဲ့တာအပြင် သူရဲ့အလွန်အသန့်ကြိုက်တဲ့ ရောဂါကြီးကြောင့် ဘယ်သူကမှ သူရဲ့အနားကို မသွားရဲကြဘူး ။ သူတို့ရဲ့အသည်းလေးကို အဲ့ဒီလူက ခေါ်သွားတယ်တဲ့လား ။

မူသခင်မကြီးက သူမရဲ့အသည်းလေးအတွက် အလွန်စိုးရိမ်ပူပန်နေတယ် ။ သူမက သူမရဲ့အသည်းလေးကို ကိုယ်တိုင်ကျောင်းပို့ ကျောင်းကြိုပေးချင်ပေမဲ့ အသည်းလေးက သဘောမကျတာကြောင့် အိမ်မှာပဲ တမျှော်မျှော်ထိုင်စောင့်နေခဲ့ရတာ ။ သူမ အသည်းလေးပြန်လာရင် စားဖို့အတွက်ဆိုပြီးတော့လည်း မုန့်မျိုးစုံကို ပြင်ဆင်ပေးထားသေးတယ် ။ အခုတော့ သူမရဲ့အသည်းလေးကို တစ်ခြားတစ်ယောက်က ခေါ်သွားခဲ့ပြီ ။ မူသခင်မကြီးက ယောကျာ်းဖြစ်သူကို စတင်ပြသာနာရှာပါတော့တယ် ။ သူမရဲ့အသည်းလေးကို ချက်ခြင်းပြန်ခေါ်လာခဲ့ဖို့ပေါ့ ။

မူသခင်ကြီးက ဇနီးသည်ရဲ့စကားတွေကို အပြစ်လုပ်ထားတဲ့ ကလေးတစ်ယောက်လိုမျိုး လိမ်လိမ်မာမာနဲ့ နားထောင်နေတယ် ။ ဒါပေမဲ့ ဇနီးသည်ပြောတဲ့အတိုင်းတော့ လိုက်မလုပ်ဖြစ်ပေ ။ သူ့ရဲ့သားလေးကို စောင့်ရှောက်ခိုင်းထားတဲ့ သက်တော်စောင့်တွေစီကနေ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို သိသွားပြီးပြီဖြစ်တာမို့လို့လေ ။ သူ့သားလေးကိုယ်တိုင်က ချင်းလီရွမ်ရဲ့အိမ်တော်ကို လိုက်သွားဖို့တောင်းဆိုခဲ့တာ ။ အိမ်မှာဘယ်သူမှမရှိတာမို့ တစ်ယောက်တည်းမနေချင်လို့ ဆိုတဲ့စကားတွေနဲ့ပေါ့ ။

သူက ဒီအကြောင်းတွေကို ဇနီးသည်ကိုပြောပြခဲ့ပါသေးတယ် ။ ဒါပေမဲ့သူရဲ့ဇနီးသည်စီက အဲ့တာရှင်မကောင်းလို့ဆိုပြီး အပြစ်တင်တာကိုပဲ ခံလိုက်ရတယ် ။ မူသခင်ကြီးက ရင်တွေနာနေရပါတယ် ။ မူသခင်မကြီးက နောက်ဆုံးမှာတော့ သူမရဲ့စိတ်ကို ​လျော့ချလိုက်ကာ သူမအသည်းလေး ပြန်လာမဲ့အချိန်ကိုပဲ ရေတွက်နေလိုက်တော့တယ် ။ သူမအသည်းလေးက ဥက္ကဋ္ဌချင်းရဲ့သမီးလေးကို အရမ်းသဘောကျနေပုံရတယ် ။ သူမတို့လင်မယားကိုရောင်းစားပြီး အိမ်တောင်လိုက်သွားခဲ့တယ်ဆိုတော့လေ ။

The Story Of Phoenix KingWhere stories live. Discover now