''66''

4K 623 14
                                    

ရှောင်ကျန့်က မူကျားယွမ်ကို ကလေးဆိုပြီး သတိထားခြင်းမရှိပေမဲ့ ဝမ်ရီပေါ်ကတော့ ထိုသို့မဟုတ်ချေ ။ သူ့အကြောင်းကို သူကလွဲပြီး ဘယ်သူမှ​ ​ကောင်းကောင်းမသိနိုင်ဘူး ။ ရှောင်ကျန့်အပေါ်ရှိတဲ့ သူရဲ့စွဲလမ်းမှုက ပြောမပြောတက်အောင်ကို ကြောက်ဖို့ကောင်းတယ် ။ ဖီးနှစ်မျိုးနွယ်စုကို သူကိုယ်တိုင်တိုက်ခိုက်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကလည်း ရှောင်ကျန့်ကြောင့်ဖြစ်တယ် ။

သူရဲ့အဖေတူအမေကွဲအကိုဖြစ်တဲ့ ဝမ်ကျိုးရန်က ရှောင်ကျန့်ကို သိပ်ကိုသဘောကျနေခဲ့တာ ။ အဲ့ဒီလူက နဂါးမျိုးနွယ်ကိုဦးဆောင်ပြီး ဖီးနှစ်မျိုးနွယ်ကိုဖျက်စီးကာ ရှောင်ကျန့်ကို သိမ်းပိုက်ချင်နေတာဖြစ်တယ် ။ သူက ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ? ။ ဒါကြောင့် အကြီးအကဲတွေကို သူကိုယ်တိုင်တောင်းဆိုခဲ့တယ် ။ အဲ့ဒီတိုက်ပွဲမှာ သူ့ကို ဦးဆောင်ခွင့်ပေးဖို့ကိုပေါ့ ။ ဆုလာဒ်ကတော့ ဖီးနှစ်မျိုးနွယ်နဲ့ ရှောင်ကျန့်ကို သူ့ကိုပေးရမယ် ။

အကြီးအကဲတွေက အစကတော့ လက်မခံချင်ခဲ့ဘူး ။ ဒါပေမဲ့သူက နဂါးမျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသားဖြစ်နေတဲ့အပြင် နောက်တက်မဲ့ဘုရင်ပါဖြစ်နေတာမို့ အဆုံးမှာတော့ အလျော့ပေးလိုက်တယ် ။ သူသာ တိုက်ပွဲမှာအနိုင်ရခဲ့ရင် သူလိုချင်တာကိုပေးမယ်တဲ့ ။ ရှောင်ကျန့်က သိပ်ကိုလှပလွန်းတယ် ။ ဒါကြောင့် သူရဲ့အနားမှာ လူတွေအများကြီး ရှိလို့နေတယ် ။ ဝမ်ရီပေါ်က သည်းမခံနိုင်လောက်အောင် ဒေါ်သထွက်နေရပေမဲ့ ဘာမှမတက်နိုင်ခဲ့ဘူး ။

သူက သူရဲ့ခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်ထားခဲ့ပြီး ရှောင်ကျန့်ရဲ့အနားကို အသေအချာချည်းကပ်ခဲ့တယ် ။ သူမထင်ထားခဲ့တာက ရှောင်ကျန့်က သူ့ကိုချစ်မိသွားမယ်ဆိုတာပဲ ။ သူနှစ်ပေါင်းများစွာချစ်ရတဲ့လူက သူ့အပေါ်မှာ ခံစားချက်တွေရှိလာတယ် ။ ဝမ်ရီပေါ်က အရမ်းပျော်ရွှင်သွားသလို အရမ်းလည်းကြောက်လာတယ် ။ ရှောင်ကျန့်က အဖြစ်မှန်တွေကိုသိသွားရင် သူ့ကိုမုန်းသွားမှာအသေအချာပဲ ။ သူအကြိမ်ကြိမ်စဉ်းစားခဲ့တယ် ။ ရှောင်ကျန့်ကို အမှန်အတိုင်းဖွင့်ပြောဖို့ပေါ့ ။

The Story Of Phoenix KingWhere stories live. Discover now