''53''

5.4K 689 15
                                    

ရှောင်ကျန့်က နာကျင်ကိုက်ခဲနေတဲ့ခန္ဓာကိုယ်ကြောင့် အသံတိတ်ဆဲရေးမိတယ် ။ မနေ့ညက ဘာတွေဖြစ်သွားတာလဲ? ။ ကျောက်စိမ်းပုလင်း! ကျောက်စိမ်းပုလင်းကြောင့် ဒီလိုတွေဖြစ်သွားရတာ ။ ကျောက်စိမ်းပုလင်းထဲမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အရာတစ်ချို့ရှိနေတယ် ။ အဲ့ဒီပုလင်းကိုဖွင့်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ခေါင်းတွေကမူးနောက်သွားပြီး စိတ်တွေရှုပ်ထွေးကုန်တယ် ။

မနေ့ညအကြောင်းတွေကို ပြန်မှတ်မိတဲ့အချိန်မှာတော့ အသက်တောင်မရှင်ချင်တော့ပေ ။ အဲ့ဒီအယုတ်တမာကောင်လေးက သူ့ကိုအခွင့်ကောင်းယူပြီး အားရပါးရတက်လုပ်သွားတယ် ။ သူ့ရဲ့ခန္ဓာကိုယ်ထဲ ကြမ်းတမ်းစွာထိုးသွင်းရင်း သူ့ကိုမျက်ရည်ပေါက်ပေါက်ကျတဲ့အထိ အနိုင်ကျင့်သွားတယ် ။ ရှောင်ကျန့်က အိပ်ယာပေါ်ကဆင်းကာ မတ်တပ်ရပ်လိုက်ချိန်မှာပဲ တုန်ရီနေတဲ့ခြေထောက်တွေကြောင့် နောက်ကိုပြန်ယိုင်ကျသွားတယ် ။

" ဘယ်လိုတွေ... ဘယ်လိုတောင်''

မျက်လုံးတွေဝိုင်းစက်သွားပြီး ပြောစရာစကားတွေပျောက်ရှကုန်တယ် ။ ပေါင်တံတစ်လျှောက် စီးကျလာတဲ့အရည်တွေကို ခံစားမိတော့ နှုတ်ခမ်းသားတွေတုန်ရီလာတယ် ။ သူ့ရဲ့အထဲမှာ အဲ့ဒီအရည်တွေရှိနေတုန်းပဲ ။ လီချန်လျုံက သူ့ကိုလုပ်ပြီး ပြန်မရှင်းပေးသွားဘူးပေါ့ ? ။ အခန်းထဲမှာ သူကလွဲပြီး ဘယ်သူမှရှိမနေ ။ ဒါကဘာသဘောလဲ? ။ အဲ့ဒီအယုတ်တမာကောင်လေးက သူ့ကို ဘယ်လိုဆက်ဆံနေတာလဲ? ။

ရှောင်ကျန့်က ခေါင်းအုံးတွေကို ဒေါ်သတကြီးလွှင့်ပစ်တယ် ။ အချိန်ကိုက်ဆိုသလို လီချန်းလျုံက ပန်းကန်လုံးတစ်လုံးကိုကိုင်ကာ ပြန်ပေါ်လာတယ် ။ အကြီးအကျယ်ဒေါ်သထွက်နေတဲ့ ရှန်းကျားလျန်မြင်တော့ အနားကိုသွားကာ စကားဆိုလိုက်တယ် ။

" ခင်များရဲ့ခန္ဓာကိုယ်က အခြေအနေသိပ်မကောင်းဘူး ။ ဒီဆေးကို ကုန်အောင်သောက်လိုက် ''

ရှောင်ကျန့်က လီချန်လျုံရဲ့လက်ထဲကပန်းကန်ကို အားနဲ့ရိုက်ထုတ်ပစ်တယ် ။ ခွမ်းကနည်းဆိုတဲ့အသံနဲ့ ပန်းကန်လုံးကကျကွဲသွားပြီး လီချန်းလျုံရဲ့လက်ကလည်း အပူလောင်သွားတယ် ။

The Story Of Phoenix KingWhere stories live. Discover now