''35''

5.1K 769 45
                                    

ဝမ်ရီပေါ်က မျက်ခုံးတွေတွန့်ချိုးထားတဲ့ရှောင်းကျန့်ကြောင့် အသာသက်ပြင်းချမိတယ် ။ ရှောင်းကျန့်ကဘာတွေတွေးပြီး ဘာကိုစိတ်ပူနေလဲဆိုတာ သူမသိဘူး ။ ရှောင်းကျန့်ကိုဘာမှမဖြစ်အောင် သူကာကွယ်ပေးနိုင်တယ် ။ ဒါပေမဲ့ရှောင်းကျန့်ကတော့ သူ့စကားတွေကိုမယုံကြည်ဘူး ။ သူကို အားနည်းနေတဲ့ဝိညာဉ်လေးလို့ သတ်မှတ်ထားတာ ။ ရှောင်းကျန့်ရဲ့မျက်လုံးထဲမှာ သူက အတော်အားနည်းနေတဲ့ပုံပဲ ။

သူအားနည်းတယ်ဆိုတာ သူ့ကိုယ်သူလည်းသိတယ် ။ ဒါပေမဲ့သူဘယ်လောက်ပဲအားနည်းနေပါစေ ရှောင်းကျန့်ကို ဘာမှမဖြစ်အောင်တော့ ကာကွယ်ပေးနိုင်တယ် ။ ဒီယုံကြည်မှုက ဘယ်ကရလာမှန်းသူမသိပေမဲ့ တစ်ရာရာခိုင်နှုန်းသေချာတယ် ။ ဝမ်ရီပေါ်ဆိုတဲ့သူက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရှောင်းကျန့်ကို လုံးဝကာကွယ်ပေးနိုင်တယ် ။

ဝမ်ရီပေါ်က တစ်ယောက်တည်းအတွေးများနေတာမို့ သူ့ကိုအကဲခတ်နေတဲ့ ရှောင်းကျန့်ရဲ့စူးရှတဲ့မျက်ဝန်းတွေကို သတိမထားမိပေ ။ သူသတိထားမိတဲ့အချိန်က ရှောင်းကျန့်က သူရဲ့အနားကိုလာပြီး သူရဲ့နားရွက်တွေကို လေနဲ့မှုတ်ကာစနှောက်လို့နေတယ် ။

" ဘာတွေစဉ်းစားနေတာလဲ? ကိုယ်အကြောင်းတွေလား? "

" ရှောင်... ရှောင်းကျန့် အာ့!... "

ရှောင်းကျန့်က ဝမ်ရီပေါ်ရဲ့လည်ပင်းသားတွေကို လျှာနဲ့လျက်လိုက်တာမို့ ဝမ်ရီပေါ်ရဲ့အသံတွေကတုန်ယင်လာတယ် ။ ရှောင်းကျန့်က ရဲပလောင်းခတ်နေတဲ့ ဝမ်ရီပေါ်ရဲ့နားရွက်နီနီလေးတွေကို သဘောကျစွာကြည့်ရင်း...

" မင်းက ဒီလိုအချိန်တွေဆိုရင် အရမ်းချစ်ဖို့ကောင်းတာပဲ အရမ်းရိုးသားလွန်းတယ် ။ အိပ်ယာထဲမှာကျတော့ ဘာလို့ဒီလိုမရိုးသားရတာလဲ? ။ အဟက်! မင်းက လူလည်လေးပဲ ''

" ရပ်တော့! "

" ရပ်ရမယ်? ကိုယ်က ဘာကိုရပ်ရမှာလဲ? "

ဝမ်ရီပေါ်က နှုတ်ခမ်းတွေကိုဖိကိုက်ထားပြီး ရှောင်းကျန့်ရဲ့စနှောက်မှုတွေကို မနည်းသည်းခံနေရတယ် ။ ရှောင်းကျန့်ရဲ့လက်တွေက သူရဲ့အရှေ့ပိုင်းရပ်ဝန်းကို လှမ်းလာတဲ့အချိန်မှာတော့ ထိန်းချုပ်ထားဖို့ဆိုတာကမဖြစ်နိုင်တော့ဘူး ။ အဲ့ဒီလက်တွေကိုအားနဲ့ဆုပ်ကိုင်ပြီး အက်ကွဲနေတဲ့အသံတွေနဲ့ တားမြစ်လိုက်တယ် ။

The Story Of Phoenix KingWhere stories live. Discover now