''14''

8.2K 1K 9
                                    

" ကျန်းဥက္ကဌ ခင်များသေချာဆုံးဖြတ်ပြီးသွားပြီလား? ။ ဒီရင်းနှီးမြုပ်နှံမှုမှာ မပါဝင်တော့ဘူးဆိုတာက တကယ်ပြောနေတာလား? "

" ကိုယ့်ရဲမျက်နှာက စနှောက်နေတဲ့မျက်နှာနဲ့တူနေလို့လား? "

" ကျွန်တော်... ကျွန်တော်ပြောချင်တာက အဲ့ဒီအဓိပ္ပါယ်မဟုတ်ပါဘူး ။ ဆေးဝါးအသစ်ထုတ်လုပ်မှုက အရမ်းကိုနာမည်ကြီးနေတာလေ ။ ကျွန်တော်က ကျန်းဥက္ကဌ နောင်တရမှာဆိုးလို့ပါ ''

" မလိုဘူး ။ အဲ့ဒီဘက်နဲ့ ရင်းနီးမြုပ်နှံမဲ့ ကိစ္စတွေအားလုံးကို ရပ်ပစ်လိုက်တော့ ။ အမြတ်ဘယ်လောက်ရရ ကိုယ်စိတ်မဝင်စားဖူး ။ အော်! ဒါနဲ့ ကိုယ့်ရဲ့ရှေ့နေကိုလည်း မနက်ဖြန်မနက်ကျရင် ကိုယ့်ရဲ့ဇနီးဟောင်းစီသွားပြီး ကွာရှင်းဖို့စာရွက်စာတမ်းကိစ္စကို ဖြေရှင်းခိုင်းလိုက် ''

" ကွာ... ကွာရှင်းဖို့ "

" ဟုတ်တယ် ။ ကိုယ်ကကွာရှင်းပေးဖို့ ဆုံးဖြတ်ပြီးသွားပြီ ။ မုရှောင်ရန်က ဒီနေ့ကစပြီး ကိုယ်နဲ့မသက်ဆိုင်တော့ဘူး ။ အဲ့တာကြောင့်မို့လို့ မင်းတို့လည်း သူမစိတ်တိုင်းကျ လုပ်ပေးစရာမလိုတော့ဘူး   ''

" ........ ''

ရှောင်ကျန့်က သူ့ကို မျက်လုံးအပြူးသားကြည့်နေတဲ့ ချောင်ဝူရှင်းဆိုတဲ့လူကို လျစ်လျူရှုကာ လက်ဖက်ရည်ထိုင်သောက်နေလိုက်တယ် ။ ဒါက ကွာရှင်းတာလေးပဲ မဟုတ်ဘူးလား? ။ ဒီလောက်အထိ အံ့သြစရာဘာရှိလို့လဲ? ။

ချောင်းဝူရှင်းဟာ ကျန်းရှောင်ဖန်ကို နားမလည်နိုင်တော့ပေ ။ ဒီလူက သူသိထားတဲ့လူ မဟုတ်တော့သလိုပဲ ။ ကျန်းရှောင်ဖန်အတွက် မုရှောင်ယန်က ဘယ်လိုလူမျိုးလဲဆိုတာကိာ သူကမသိပဲနေပါ့မလား ။ မုရှောင်ယန်ကိုအစားထိုးပြီး လက်ထပ်ခဲ့တယ်ဆို​ပေမဲ့ လိုလေသေးမရှိ​အောင် ဂရုစိုက်ခဲ့တာက သူ့ရဲ့ကိုယ်တွေ့ပဲလေ ။ ကျန်းရှောင်ဖန်က မုရှောင်ယန်ကို နည်းနည်းလေးတောင် သဘောမကျခဲ့ဘူးလား? ။ ဒါဆိုရင် ဘာလို့ကောင်းပေးခဲ့ရတာလဲ? ။

ကျန်းရှောင်ဖန်ရဲ့နှလုံးသားက ယီယန်ဆိုတဲ့ မိန်းကလေးကလွဲရင် ဘယ်သူကိုမှ ထပ်မချစ်နိုင်တော့တာ တကယ်ပေါ့ ။ ခုနှစ်နှစ်တောင်ကြာခဲ့ပြီလေ ။ အခုအချိန်အထိ ရင်ထဲမှာရှိနေတုန်းပဲလား? ။ လူတစ်ယောက်က အခြားတစ်ယောက်ကို အဲ့ဒီလောက်အထိ ချစ်ပေးနိုင်တယ်ပေါ့လေ ။ ချောင်ဝူရှင်းက တွေးရလွန်းလို့ ဆံပင်တွေဖြူလာတော့မယ်လို့တောင် ခံစားနေရတယ် ။

The Story Of Phoenix KingWhere stories live. Discover now