"128"

1K 142 6
                                    

သွေးမျိုးနွယ်စုမင်းသား ဝေ့ပိုင်ယီရဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းက လူအများစုကို အံ့အားသင့်သွားစေခဲ့တယ် ။ ဝေ့ပိုင်ယီက သာမန်လူသားတစ်ယောက်နဲ့ လက်ထပ်သွားတာကို ဘယ်သူမှ မယုံကြည်နိုင်ကြဘူး ။ သွေးမျိုးနွယ်စုရဲ့ခေါင်းဆောင်က အဲ့ဒီနှစ်ယောက်ကို တကယ်ကြီး သဘောတူခဲ့တာလား ။ မျိုးနွယ်စုအသီးအသီးက လူတွေဟာ ထိုလက်ထပ်ပွဲကို တက်ရောက်ခွင့်ရဖို့ စိတ်အားထက်သန်နေကြတယ် ။

သူတို့တွေက ကျိုးမင်းယွမ် ဘယ်လိုလူမျိုးလဲဆိုတာ သိပ်ကိုသိချင်နေမိတယ် ။ ကျိုးမင်းယွမ်ကို မြင်ဖူးပြီး စွဲလမ်းသွားတဲ့ လူတွေကတော့ ချောင်မှာကပ်ကာ တိတ်တိတ်လေး ဝမ်နည်းကြေကွဲနေကြတယ် ။ အဲ့ဒီလူတွေဟာ ဝေ့ပိုင်ယီတစ်ယောက် အလှလေးကို ပိုင်ဆိုင်ခွင့်ရသွားတဲ့အပေါ် မနာလိုမုန်းတီးနေခဲ့တယ် ။ ဒါပေမဲ့ သူတို့မှာ ဝေ့ပိုင်ယီနဲ့ ယှဉ်ပြိုင်ရဲတဲ့ သတ္တိမရှိတာကြောင့် ပြဿနာမရှာရဲပေ ။

နတ်သူငယ်ဘုရင် လုယီအန်းက သူ့ရဲ့လက်ထဲက လက်ထပ်ပွဲဖိတ်စာကို ဒေါသတကြီးဆုတ်ဖြဲကာ ‌မျက်စိရှေ့ကစားပွဲခုံကို တစ်စစီဖြစ်သွားတဲ့အထိ ဖျက်စီးပစ်လိုက်တယ် ။ သူရဲ့အရင်ဘဝမှာ ဝေ့ပိုင်ယီက ကျိုးမင်းယွမ်နဲ့ လက်ထပ်ပွဲ မကျင်းပခဲ့ဘူး ။ ဝေ့ပိုင်ယီဟာ ကျိုးမင်းယွမ်ကို ချစ်တယ်ပြောနေပေမဲ့ တစ်ခြားနှစ်ယောက်နဲ့ မျှဝေခဲ့တယ် ။ အဲ့တာကြောင့် သူ ကျိုးမင်းယွမ်ကို ရှမင်ကျိုးလောက် အလေးမထားခဲ့ပေ ။

ဝေ့ပိုင်ယီနဲ့ ချစ်သူတွေဖြစ်နေကြတဲ့ ရှမင်ကျိုးက ကျိုးမင်းယွမ်ထက် ပိုပြီးအရေးကြီးတယ်လို့ ယူဆခဲ့တယ် ။ အဲ့တာအပြင် သူ့လိုပဲ ပြန်လည်မွေးဖွားလာပုံရတဲ့ ရှမင်ကျိုးကြောင့်  သူရဲ့အဓိကရန်သူကို ရှမင်ကျိုးအဖြစ် သတ်မှတ်ခဲ့တယ် ။ ဒါပေမဲ့ ဝေ့ပိုင်ယီရဲ့ရွေးချယ်မှုက ကျိုးမင်းယွမ် ဖြစ်သွားမယ်လို့တော့ တွေးမထားမိဘူး ။ အခုအချိန် သူ ကျိုးမင်းယွမ်ကို လုပ်ကြံမယ်ဆိုရင်တောင် နောက်ကျသွားခဲ့ပြီ ။

" အဖေ မင်း အဲ့ဒီလက်ထပ်ပွဲကို ‌သွားမှာလား "

ဟူမင်ယွီဟာ လက်ထပ်ပွဲကြောင့် ဒေါသထွက်နေတဲ့ လုယီအန်းကို စိတ်ထဲ‌ကနေ ရယ်မောနေမိတယ် ။ အဲ့ဒီလူက သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့ အဖေနဲ့သားဆက်ဆံရေးက ပျက်စီးသွားတာကြာခဲ့ပြီ ။ အဲ့တာအပြင် ရှမင်ကျိုးကိုပါ ပစ်မှတ်ထားနေတာမို့ ပိုပြီးတော့တောင် အမြင်မကြည်ဖြစ်ရခဲ့တယ် ။ ရှမင်ကျိုးဆိုတဲ့လူက အရမ်းတုံးလွန်းတာကြောင့် သူသာ နောက်ကွယ်ကနေ ကာကွယ်မပေးထားရင် သေတာကြာလောက်ပြီ ။

The Story Of Phoenix KingWhere stories live. Discover now