''116''

2.3K 256 8
                                    

ရှောင်ကျန့်က သူ့ကိုယ်သူ ဝေ့ပိုင်ယီဖြစ်နေမှန်း သိသွားတဲ့အချိန်မှာတော့ နတ်သူငယ်ဘုရင်ဖြစ်တဲ့ လုယီအန်းကို အပိုင်းပိုင်းဖြစ်သွားတဲ့အထိ ဓားနဲ့ ထိုးသတ်ချင်လာတယ် ။ ဒီကမ္ဘာရဲ့ဇာတ်လမ်းအရဆိုရင် ဝေ့ပိုင်ယီက လုယီအန်းရဲ့လက်ထဲ တစ်ကြိမ်ကျရောက်သွားကာ လုယီအန်း သိမ်းပိုက်တာကို ခံရလုနီးနီးဖြစ်သွားခဲ့တယ် မဟုတ်ပါလား ။ ဇာတ်လိုက်ကုန်(gong)ဆိုတဲ့ အရှိန်အဝါကြောင့်သာ ဘာမှဖြစ်မသွားခဲ့တာ ။

လုယီအန်းဟာ နတ်သူငယ်ဘုရင် ဖြစ်မလာခင်ကတည်းက ဝေ့ပိုင်ယီကို စွဲလမ်းခဲ့တာဖြစ်ပြီး နတ်သူငယ်ဘုရင် ဖြစ်လာတဲ့အခါမှာတော့ သူရဲ့စွဲလမ်းမှုက ပိုပြီးတော့တောင် ပြင်းထန်လာခဲ့တယ် ။ ဒါပေမဲ့ ဝေ့ပိုင်ယီရဲ့အနောက်မှာရှိနေတဲ့ သွေးမျိုးနွယ်ကြောင့် အလွယ်တကူမထိရဲချေ ။ သွေးမျိုးနွယ်က နတ်သူငယ်မျိုးနွယ်ထက် ပိုပြီးအင်အားကြီးတယ် မဟုတ်ပါလား ။ အဲ့တာကြောင့် လုယီအန်းက သူ့ကိုယ်သူထိန်းချုပ်ကာ ကောင်းကောင်းပြုမူခဲ့တယ် ။

လုယီအန်းက ဝေ့ပိုင်ယီစီ တန်ဖိုးကြီးလက်ဆောင်တွေ ပို့ပေးတာကလွဲရင် ဘာဆိုဘာတစ်ခုမှ မလုပ်ခဲ့ဘူး ။ အဲ့တာကြောင့် ဝေ့ပိုင်ယီအပါအဝင် သွေးမျိုးနွယ်တစ်ခုလုံးက လုယီအန်းကို စိတ်ထဲ သိပ်မထည့်ထားခဲ့ပေ ။ ဒါပေမဲ့ ဒီကမ္ဘာရဲ့အဓိကဇာတ်လိုက် ကျိုးမင်းယွမ် ပေါ်လာတဲ့အချိန်မှာတော့ အရာအားလုံးပြောင်းလဲသွားတယ် ။ ဝေ့ပိုင်ယီက ကျိုးမင်းယွမ်ကို ချစ်မိသွားခဲ့တာကြောင့် လုယီအန်းက မနာလိုဖြစ်ကာ စတင်ယုတ်မာတော့တယ် ။

ကျိုးမင်းယွမ်ကို ဆေးခတ်ကာ မကောင်းကြံစည်ခဲ့ရုံသာမက ဝေ့ပိုင်ယီအပေါ်မှာလည်း တားမြစ်ဂါထာ အသုံး​ပြုခဲ့တယ် ။ ဝေ့ပိုင်ယွဟာ အဲ့ဒီဂါထာကြောင့် လုယီအန်းနဲ့ အတူအိပ်မိလုနီးပါးဖြစ်သွားခဲ့ပြီး သွေးမျိုးနွယ်ဝင်တွေ အချိန်မီရောက်သွားလို့သာ ဘာမှဖြစ်မသွားခဲ့တာ ။ အဲ့ဒီနောက်မှာတော့ ​ဝေ့ပိုင်ယီက တားမြစ်ဂါထာရဲ့ ဆိုးကျိုးတွေကြောင့် စိတ်ရိုင်းဝင်ကာ သွေးဆာနေတဲ့ ဗန်ဗိုင်းယာအဖြစ် ပြောင်းလဲသွားခဲ့တယ် ။ ကျိုးမင်းယွမ်ရဲ့သွေးကို မတော်တစ သောက်မိသွားလို့သာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့တာ ။

The Story Of Phoenix KingWhere stories live. Discover now