''110''

2K 303 15
                                    

ရှဲကျင်းဝမ်က သူ့ရဲ့ကလေးလေး ရှောင်ယွမ်ကို သူနဲ့အတူ ကောင်းကင်နန်းတော်စီ ခေါ်ဆောင်လာခဲ့ပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် စိတ်မတင်မကျဖြစ်ကာ မျက်ခုံးတွေတွန့်ချိုးနေခဲ့တယ် ။ ရှောင်ယွမ်က ပျောက်ကွယ်သွားတော့မယ်လို့ ဘာကြောင့်ခံစားနေရတာလဲ ။ ရှဲကျင်းဝမ်က စတင်နောင်တရလာတော့တယ် ။ သူ ကျင်းဝမ်ယွီရဲ့စကားကို နားထောင်ခဲ့သင့်တယ် ။ ရှောင်ယွမ်ကို ခေါ်မလာခဲ့သင့်ဘူး ။

" ကျင်းဝမ်ကောကော ဘာဖြစ်လို့လဲ? "

ရှောင်ကျန့်က သူ့ရဲ့လက်ကို ပိုမိုတင်းကြပ်စွာဆုပ်ကိုင်လာတဲ့ ရှဲကျင်းဝမ်ကြောင့် ရင်ထိတ်သွားခဲ့တယ် ။ ရှဲကျင်းဝမ်က သူ့ရဲ့အကြံစည်တွေကို ရိပ်မိသွားပြီလား ။ သူ လစ်ထွက်ဖို့လုပ်နေတာကို သတိထားမိသွားတာလား ။

" ရှောင်ယွမ် မင်း ကိုယ့်ကိုထားခဲ့လို့ မရဘူးနော် ကိုယ့်ကို ချန်ထားခွင့်မပြုဘူး ''

အဲ့ဒီနောက်မှာတော့ ရှဲကျင်းဝမ်က ပိုပြီးတော့တောင် စိတ်မချဖြစ်လာတဲ့အလား သူ့ကို သူ့(ရှဲကျင်းဝမ်)ရဲ့ရင်ခွင်ထဲ တိုက်ရိုက်ဆွဲသွင်းလိုက်တယ် ။ ရှောင်ကျန့်က ရှဲကျင်းဝမ်ရဲ့ထိုအပြုအမူကြောင့် ခေတ္တခဏတောင့်ခဲသွားတယ် ။ ကျစ်! သူ့ကို ဒီလိုဖက်ထားမှတော့ သူက ဘယ်လိုလုပ် လစ်ထွက်လို့ရတော့မှာလဲ ။

" ကျင်းဝမ်.... ကျင်းဝမ်ကောကော လူ... လူတွေကြည့်နေတယ်လေ ''

" သူတို့ကို ဂရုမစိုက်နဲ့ သူတို့က အရေးမပါဘူး ရှောင်ယွမ် ကလေး မင်းရဲ့မျက်လုံးထဲမှာ ကိုယ်တစ်ယောက်တည်းပဲ ရှိနေချင်တယ် တစ်ခြားလူတွေရှိတာ ကိုယ်မလိုချင်ဘူး ''

ရှဲကျင်းဝမ်ဟာ တစ်ခြားလူတွေစီ အာရုံရောက်နေတဲ့ သူ့ရဲ့ကလေးလေးကြောင့် မနာလိုမှုတွေ ချက်ခြင်းပြည့်နှက်သွားတယ် ။ သူ့ကလေးလေးက အဲ့ဒီလူတွေကို ဘာလို့အာရုံစိုက်နေရတာလဲ ။ သူ့ကိုပဲ အာရုံစိုက်နေသင့်တယ် ။ အဲ့ဒီအရေးမပါတဲ့ဟာတွေကို စိတ်ထဲထည့်စရာမလိုဘူး ။

" ကျွန်တော်တို့ ကောင်းကင်နန်းတော်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး တက်ရောက်လာပေးတဲ့အတွက် အရှင်အမှောင်နတ်ဘုရားကို အထူးကျေးဇူးတင်ပါတယ် ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပေးပါ ''

The Story Of Phoenix KingWhere stories live. Discover now