"134"

895 137 3
                                    

ရှောင်ကျန့်ဟာ သားရဲမျိုးနွယ်စုစီ သွားနေတဲ့လမ်းမှာ လုယီအန်းနဲ့ မထင်မှတ်ပဲ တွေ့လိုက်ရတယ် ။ လုယီအန်းက သူ့ကို ထူးဆန်းတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေပြီး လက်ထဲမှာလည်း သလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ ပုလင်းတစ်ပုလင်းကို ကိုင်ဆောင်ထားတယ် ။ အဲ့ဒီနောက်မှာတော့ နတ်သူငယ်တွေအများကြီးပေါ်လာကာ သူတို့ကို လက်နက်တွေနဲ့ ဝိုင်းထားတာကို ခံလိုက်ရတယ် ။

" နတ်သူငယ်ဘုရင် ဒါက ဘာသဘောလဲ မင်းက သွေးမျိုးနွယ်စုနဲ့ စစ်ဖြစ်ချင်နေတာလား "

သွေးမျိုးနွယ်စုဝင်ထဲက တစ်ယောက်က သူတို့ကို ဝိုင်းထားတဲ့ နတ်သူငယ်တွေကို ဒေါသတကြီးစိုက်ကြည့်ကာ ပြောဆိုလာတယ် ။ ဒါပေမဲ့ နတ်သူငယ်ဘုရင်ဖြစ်တဲ့ လုယီအန်းကတော့ အဲ့ဒီလူကို အရေးမလုပ်ခဲ့ဘူး ။ ဝေ့ပိုင်ယီကိုသာ စွဲစွဲလမ်းလမ်း စိုက်ကြည့်နေတယ် ။

" လုယီအန်း ခင်များ ဘာ‌လိုချင်နေတာလဲ "

ရှောင်ကျန့်ဟာ လုယီအန်းရဲ့အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ကာ မေးလိုက်တယ် ။ လုယီအန်းရဲ့အကြံအစည်တွေကို မသိနိုင်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာကြောင့် အတူကစားပေးဖို့ ဆုံးဖြတ်လိုက်တယ် ။ ပြီးတော့ ကျိုးမင်းယွမ်ရဲ့မိဘတွေအတွက်လည်း လက်စားချေပေးရအုံးမယ် မဟုတ်ပါလား ။

ကျိုးမင်းယွမ်ကို အငြိုးထားနေတဲ့ လုယီအန်းကို အသက်ရှင်လျက်မထားဖို့ သူ ဆုံးဖြတ်ထားခဲ့ပြီးသား ။ သားရဲမျိုးနွယ်စုနဲ့ လီချန်းကျိုးကို ဖြေရှင်းပြီးတာနဲ့ လုယီအန်းစီသွားဖို့ စိတ်ကူးထားခဲ့ပြီးသား ။ ဒါပေမဲ့ အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် လာတွေ့တော့ ပိုတောင်ကောင်းသွားတာပေါ့ ။ အလုပ်ရှုပ်စရာ မလိုတော့ဘူးလေ ။

" ကိုယ် ဘာလိုချင်နေလဲဆိုတာ မင်းမသိပဲမနေပါဘူး "

" ........ "

" မင်းရဲ့လူတွေကို မသေစေချင်ရင် ခုခံဖို့မကြိုးစားနဲ့ ဒီနေရာတစ်ခုလုံးက ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ "

လုယီအန်းဟာ သွေးမျိုးနွယ်စုဝင်တွေရဲ့ အားနည်းချက်ဖြစ်တဲ့ ဗာဗိန်းဆေးရည်တွေကို ပတ်ဝန်းတစ်ခုလုံး နှံ့စပ်အောင် ပက်ဖြန်းထားခဲ့တယ် ။ ခွန်အားနည်းတဲ့ သွေးမျိုးနွယ်ဝင်တစ်ချို့က ဆေးရည်နံ့ကို မခံနိုင်တာကြောင့် ‌တိုက်ခိုက်နိုင်မှာမဟုတ်ဘူး ။ သန်မာတဲ့ သွေးမျိုးနွယ်ဝင်တွေကပဲ တိုက်ပွဲဖြစ်ရင် ဝင်ပါနိုင်မှာ ။ ဝေ့ပိုင်ယီက ထိုသွေးမျိုးနွယ်ဝင်‌တွေရဲ့အသက်ကို ဂရုမစိုက်ပဲ နေမှာမဟုတ်ဘူး ။ သွေးမျိုးနွယ်ဝင်တွေက သိပ်ကိုစည်းလုံးကြတာလေ ။ သူတို့အချင်းချင်းလည်း အလွန်အကြူး ကာကွယ်ပေးတက်တယ် ။

The Story Of Phoenix KingWhere stories live. Discover now