''72''

3.8K 590 10
                                    

" အန်ကယ်.. အန်ကယ်ချင်း ''

မူကျားယွမ်က အသက်တောင်မရှူနိုင်တော့ချေ ။ အန်ကယ်ချင်းက သူ့ကြောင့် ထိခိုက်သွားပြီ ။ သူကြောင့် အန်ကယ်ချင်းက ဒဏ်ရာရသွားပြီ ။ သူ... သူဘာတွေလုပ်မိလိုက်တာလဲ? ။ သူက ဘယ်လိုလုပ်ပြီး အန်ကယ်ချင်းကို နာကျင်စေခဲ့တာလဲ? ။ အဲ့ဒီနောက်မှာတော့ မူကျားယွမ်ဟာ သတိလစ်နေတဲ့ချင်းလီရွမ်ကို ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့ပွေ့ချီကာ ဆေးရုံကို အလျှင်အမြန်ပို့ဆောင်လိုက်တယ် ။

မူသခင်ကြီးနဲ့သခင်မကြီးတို့က မူကျားယွမ် ဆေးရုံရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် လုပ်လက်စအရာအားလုံးကို ချန်ထားကာ ဆေးရုံကိုလိုက်လာကြတော့တယ် ။ သူတို့သားလေးက ဆေးရုံကို ဘာကြောင့်ရောက်နေရတာလဲ? ။

" ကိုယ်တို့ရဲ့သားက အဆင်ပြေပြေရှိနေမှာပါကွာ အရမ်းတွေမငိုနေပါနဲ့ ''

" သားလေး... သားလေးက အဟင့်! "

မူသခင်မကြီးက တရှုံ့ရှုံ့ငိုရှိုက်နေတယ် ။ ကျေးဇူးပြုပြီး သူမရဲ့အသည်းလေး ဘာမှမဖြစ်သွားပါနဲ့ ။ မူသခင်ကြီးကတော့ စိတ်သောကရောက်နေတဲ့ ဇနီးသည်ကို ကြင်နာစွာနှစ်သိမ့်ပေးနေခဲ့တယ် ။

မူကျားယွမ်က ခွဲစိတ်ခန်းရှေ့မှာ စိုးရိမ်တကြီးရပ်စောင့်နေတယ် ။ အဲ့ဒီအချိန်မှာပဲ သူရဲ့မိဘနှစ်ပါးက သူ့စီကို ပြေးလာနေတာကို မြင်လိုက်ရတယ် ။ သူရဲ့မိဘတွေက သူဒီမှာရှိနေတာကို ဘယ်လိုလုပ်သိသွားရတာလဲ? ။

" ကျားယွမ် သားလေး မေမေရဲ့အသည်းလေး အဟင့်! တော်သေးတာပေါ့ သားဘာမှမဖြစ်သွားခဲ့တာ ''

မူသခင်မကြီးက သားဖြစ်သူကို တင်းကြပ်စွာပွေ့ဖက်ထားလိုက်တယ် ။

" ကျွန်တော် ဒီမှာရှိနေတာကို ဘယ်လိုလုပ်သိသွားကြတာလဲ? "

".........''

" မဟုတ်မှလွဲရော အမေတို့ ကျွန်တော်ကိုစောင့်ကြည့်ဖို့ လူလွှတ်ထားခဲ့တာလား? "

" အမေ...အမေတို့က သားကိုစိတ်ပူလို့ပါ ''

မူသခင်မကြီးက သူမသားရဲ့မေးခွန်းကြောင့် အပြစ်ရှိသလိုခံစားသွားရတယ် ။ သူမရဲ့သားက ချင်းလီရွမ်ကို သဘောကျနေတာကို သိသွားပြီးတည်းက သူမက အမြဲစောင့်ကြည့်နေခဲ့တာဖြစ်တယ် ။ မိခင်တစ်ယောက်အနေနဲ့ သူမက သူမရဲ့သားကို ချင်းလီရွမ်နဲ့သဘောမတူနိုင်ဘူး ။ ချင်းလီရွမ်က အမျိုးသားတစ်ယောက်ဖြစ်နေတဲ့အပြင် သူမရဲ့သားထက်လည်း အများကြီးအသက်ကြီးတယ် ။ ပတ်ဝန်းကျင်က အပြစ်တင်ရှုံ့ချမှာ အသေအချာပဲ ။

The Story Of Phoenix KingWhere stories live. Discover now