''26'' ( Arc - 3 )

9.5K 988 13
                                    

ရီဝူချင်းက နာမည်ကျော်ကြားတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်တယ် ။ စစ်နတ်ဘုရားနဲ့တောင်မှ နှိုင်းယှဉ်ခံထားရတဲ့လူ ။ မိစ္ဆာကျင့်ကြသူတွေက ရီဝူချင်းဆိုတာနဲ့ ဒူးတွေတောင်တုန်လာတဲ့အထိပဲ ။ ရီဝူချင်းက နာမည်ကျော်ကြားတဲ့ ဓားဂိုဏ်းက အကြီးအကဲတစ်ယောက်ဖြစ်ပြီး ချင်းတောင်ရဲ့အရှင်သခင်လည်းဖြစ်တယ် ။ ဂိုဏ်းခေါင်းဆောင်ရီအန်းယာရဲ့ တစ်ဦးတည်းသောညီလေးဖြစ်ကာ အလွန်ချောမောလှပတဲ့ယောက်ျားတစ်ယောက် ။

ရီဝူချင်းရဲ့စိတ်ကဖန်သားလိုပဲ အလွန်ကြည်လင်တယ် ။ ဘယ်အရာကမှသူ့ကို ရှုပ်ထွေးအောင်မလုပ်နိုင်ဘူး ။ ရေခဲတောင်လိုအေးစက်ပြီး စကားပြောလည်းအရမ်းနည်းတယ် ။ သူ့ကို ခံစားချက်မရှိတဲ့လူတစ်ယောက်လို့ ပြောလို့ရတယ် ။ ရီဝူချင်းက သူရဲ့တစ်ဘဝလုံး ဂိုဏ်းကိုကာကွယ်ဖို့ကြိုးစားခဲ့တယ် ။ သူက သူ့အသက်ကိုတောင်မှ ဂရုစိုက်တာမဟုတ်ဘူး ။

ရီဝူချင်းက တစ်ယောက်တည်းနေရတာကို နှစ်သက်တဲ့အတွက် တပည့်လက်မခံဘူး ။ ရီအန်းယာက အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး အမြဲတမ်းနားပူအောင်ပြောလေ့ရှိတယ် ။ သူက သူရဲ့ညီငယ်လေးကို ဒီလိုပုံစံမျိုးနဲ့မရှင်သန်စေချင်ဘူး ။ ဒါကအရမ်းပျင်းဖို့ကောင်းတယ် ။ တစ်နေ့မှာတော့ရီဝူချင်းက လျိုအန်းဆိုတဲ့ မိဘမဲ့ကလေးတစ်ယောက်ကို သူရဲ့တပည့်အဖြစ်လက်ခံခဲ့တယ် ။ သူက အဲ့ဒီကလေးကို အကောင်းမွန်ဆုံးပြုစုပျိုးထောင်ပေးတယ် ။

အဲ့ဒီနောက်ရီဝူချင်းရဲ့အမူအကျင့်တွေက ​ပြောင်းလဲသွားတယ် ။ သူက သူရဲ့တပည့်​လေးကို အလွန်ကာကွယ်ပေးပြီး သူရဲ့တပည့်​လေးကိုထိခိုက်စေတဲ့လူတိုင်း ဘယ်တော့မှသက်ညှာလေ့မရှိ ။ ရီဝူချင်းက တပည့်ဖြစ်သူကို အလွန်တရာဂရုစိုက်တဲ့ ဆရာတစ်ယောက်ဖြစ်တယ် ။ ရီအန်းယာက ပြောင်းလဲလာတဲ့ညီဖြစ်သူအတွက် ဝမ်သာပေမဲ့ကြာလာတော့ သဘောမကျတော့ဘူး ။ သူ့ညီက တပည့်ဖြစ်သူကို ဦးစားပေးလွန်းတယ် ။ ဒါကသူ့ကိုမပျော်ရွှင်စေဘူး ။

လျိုအန်းက သူအပေါ်အရမ်းကောင်းလွန်းတဲ့ သူရဲ့ဆရာဖြစ်သူကို တဖြည်းဖြည်းနဲ့စွဲလမ်းလာခဲ့တယ် ။ သူက သူရဲ့ဆရာဖြစ်သူကိုချစ်မိသွားပြီး ဆရာတပည့်ဆိုတဲ့စည်းကို ချိုးဖောက်ခဲ့မိတယ် ။ ရီဝူချင်းကအစကငြင်းဆန်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့လက်ခံလိုက်တယ် ။ သူက သူရဲ့တပည့်လေးကို နာကျင်​အောင်မလုပ်နိုင်ဘူး ။ ဒါကဆရာနဲ့တပည့်ကြားက အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ် ။

The Story Of Phoenix KingWhere stories live. Discover now