''83'' ( Arc - 6 )

5.7K 429 9
                                    

" အဖွဲ့ခေါင်းဆောင် ခင်များအဲ့ဒီလိုလုပ်လို့မရဘူးလေ ။ လီရှင်းယီက Bအဆင့်ကုသသူတစ်ယောက်ဆိုပေမဲ့ သူရဲ့ကုသရေးနည်းလမ်းတွေက Aအဆင့်ကုသသူတွေထက်တောင် အကျိုးသက်ရောက်​မှုမြင့်မားတယ် ။ ပြီးတော့ အထူးတပ်ဖွဲ့ရဲ့ အဆင့်တစ်စွမ်းအားရှင်ဖြစ်တဲ့ ကျိုးလော့ချင်းကလည်း သူ့ကိုပေးဖို့ တောင်းဆိုထားပြီးသား ။ တကယ်လို့ ကျွန်တော်တို့ဘက်က..... ''

" မင်းရဲ့အထက်လူကြီးက ဘယ်သူလဲ? "

" ဗျာ? "

" ကြည့်ရတာ မင်းက မင်းရဲ့အထက်လူကြီးက ဘယ်သူဘယ်ဝါဆိုတာကို မေ့နေပြီထင်တယ်  ''

" မဟုတ်.... မဟုတ်ပါဘူး ခေါင်းဆောင်ကသာ ကျွန်တော်ရဲ့အထက်လူကြီးပါ ''

" နောက်တစ်ခါ ငါရဲ့ဆုံးဖြတ်ချက်အပေါ် ထပ်ပြီးမေးခွန်းမထုတ်နဲ့''

" ကျွန်တော် နားလည်ပါပြီ ''

" နားလည်ပြီဆိုရင် ငါခိုင်းထားတဲ့အတိုင်း သူတို့ဘက်ကို​ပြန်ပြောလိုက် ။ လီရှင်းယီအစား Sအဆင့်ကုသသူတစ်​ယောက်ကို ပို့ပေးမှာမို့ ကမ်းလှမ်းချက်ကိုမကြိုက်ရင် အပေးအယူကိစ္စကို ပယ်ဖျက်လို့ရတယ်လို့ ''

" ဟို... ဟိုလေ ဒါဆိုရင် ​မော့ဥက္ကဋ္ဌကိုရော ဘယ်လိုပြောလိုက်ရမလဲဗျ? "

" ဘာလဲ? အဲ့ဒီလူကလည်း လီရှင်းယီကိုတောင်းနေတာလား? "

" ဟုတ်ကဲ့ ''

" ကျစ်! မရဘူးလို့ပြန်ပြောလိုက် ''

".............''

" ထားလိုက်တော့ ငါကိုယ်တိုင်ပဲ သူကိုပြောလိုက်မယ် ။ အထူးတပ်ဖွဲ့က ကျိုးမျိုးရိုးနဲ့ကောင်ကိုတော့ ငါခိုင်းထားတဲ့အတိုင်း ပြန်ပြောလိုက် ''

ပိုင်ယွီချန်ဟာ တစ်ချိန်တုန်းက လူတကာမော့ကြည့်ရတဲ့ ထိပ်တန်းစာရင်းဝင် Sအဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ် ။ ဒါပေမဲ့ Sအဆင် မကောင်းဆိုးဝါးဖြစ်တဲ့ သန္ဓေပြောင်းကျားသတ္တဝါကြောင့် ပြင်းထန်စွာထိခိုက်ခဲ့တယ် ။ Sအဆင့်ကုသသူတွေဟာ သူတို့ရဲ့ကုသမှုကို အမြင့်ဆုံးအထိမြင့်တင်ပြီး ကုသပေးခဲ့ပေမဲ့ သူရဲ့စွမ်းအားတွေကတော့ အပြင်ဘက်ကို ဆက်ပြီးယိုစိမ့်နေတုန်းပဲ ။

The Story Of Phoenix KingWhere stories live. Discover now