''111''

2K 301 9
                                    

မြေအောက်နန်းတော်....

" ရှောင်ယွမ် ကလေး မင်း ဘာတွေစဉ်းစားနေတာလဲ ''

ရှဲကျင်းဝမ်ဟာ ကောင်းကင်နန်းတော်က ပြန်လာကတည်းက အတွေးလွန်နေပုံရတဲ့ သူရဲ့ကလေးလေးကြောင့် စိတ်ထဲမှာ ကမ္ဘာပျက်နေပေမဲ့ အပြင်ပန်းမှာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်ထားတယ် ။ ဒါပေမဲ့ ရှောင်ကျန့်က အဲ့တာကို မသိပဲနေပါ့မလား ။ သေချာပေါက်သိတာပေါ့ ။ အဲ့တာကြောင့် ရှဲကျင်းဝမ် ကျေနပ်စေမဲ့အ​ဖြေမျိုး ရွေးချယ်ကာ ဖြေလိုက်တယ် ။

" ကျင်းဝမ်ကောကော ကျွန်တော်နဲ့ သူနဲ့ ဘယ်သူက ပိုကြည့်ကောင်းလဲ ''

" ???? "

" အဲ့ဒီလူ ကျင်းဝမ်ကောကော အကြာကြီးစိုက်ကြည့်နေတဲ့လူ ''

ရှဲကျင်းဝမ်က ထိုစကားကြောင့် မျက်ခုံးတွေ တွန့်ချိုးသွားခဲ့တယ် ။ ရှောင်ယွမ်က ဘာကိုပြောချင်နေတာလဲ ။ ပြီးတော့ သူကရော ဘယ်သူ့ကို အကြာကြီးစိုက်ကြည့်နေလို့တုန်း ။ ခဏလေးနေပါအုံး ကလေး​က သူ့ကို သဝန်တိုနေတာလား? ။

" ရှောင်ယွမ် မင်း.... မင်း ကိုယ့်ကို သဝန်တိုနေတာလား? "

သူရဲ့စကားကြောင့် ပါးပြင်တွေ ရဲတက်လာတဲ့ သူ့ရဲ့ရှောင်ယွမ် ။ ရှဲကျင်းဝမ်ဟာ အလွန်တရာ ပျော်ရွှင်သွားခဲ့တယ် ။ ရှောင်ယွမ်က သူ့ကို တကယ်ကြီး သဝန်တိုနေခဲ့တာပဲ ။ သူရဲ့ရှောင်ယွမ်က သူ့ကို သဝန်တိုနေတယ် ။

" ကလေး ကိုယ့်ရဲ့ကလေး ကိုယ်တော့ မင်းလေးကို ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး ဘာလို့ ဒီလောက်အထိ ချစ်ဖို့ကောင်းနေရတာလဲကွာ ကိုယ် မင်းလေးကို ဘယ်သူမှမမြင်အောင် မျိုချပစ်ချင်နေပြီ သိလား ''

အဲ့ဒီနောက်မှာတော့ ရှဲကျင်းဝမ်က ရှောင်ယွမ်ရဲ့ကိုယ်လေးကို တင်းကြပ်စွာဖက်ကာ နှုတ်ခမ်းတွေကို အငမ်းမရနမ်းရှိုက်ပစ်လိုက်တယ် ။ ရှောင်ကျန့်ဟာ ထိုပြင်းထန်လွန်းတဲ့ အနမ်းကြောင့် အသက်ရှုကြပ်ကာ ဒူးတွေပျော့ခွေချင်လာတယ် ။ အဲ့တာကြောင့် ရှဲကျင်းဝမ်ရဲ့ရင်ဘတ်ကို ထုရိုက်နေပေမဲ့ ရှဲကျင်းဝမ်ကတော့ ရပ်တန့်ပေးချင်စိတ်မရှိတဲ့အလား သူ့ကို ပိုပြီးတောင် ပြင်းပြင်းထန်ထန် နမ်းလာတယ် ။

The Story Of Phoenix KingWhere stories live. Discover now