''55''

4.8K 670 14
                                    

လီချန်းလျုံက ငြိမ်သက်နေတဲ့ရှန်းကျားလျန်ကို မျက်​မှောင်ကျုံကာကြည့်နေတယ် ။ ရှန်းကျားလျန်က သူပြောတာတွေကို သဘောမတူဘူးလား? ။ သူ့အပိုင်ဖြစ်လာဖို့ လက်မခံဘူးလား? ။ လီချန်းလျုံက ရင်ဘတ်တွေတင်းကြပ်လာတယ် ။

" ရှန်းကျားလျန် ခင်များမြဲမြဲမှတ်ထား ခင်များက ကျုပ်အပိုင်ပဲ ။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျုပ်စီကထွက်သွားလို့မရဘူး ။ ဒီကမ္ဘာမှာ ကျုပ်တစ်ယောက်တည်းကပဲ ခင်များကိုပိုင်ဆိုင်ခွင့်ရှိတယ် ။ ''

လီချန်းလျုံက ရှန်းကျားလျန်ရဲ့လက်မောင်းနှစ်ဖက်ကို အားနဲ့ညစ်ကာ အံကြိတ်ပြီးဆိုလာတယ် ။ ရှောင်ကျန့်က လက်မောင်းတွေအောင့်လာတဲ့အတွက် ရုန်းပစ်လိုက်တယ် ။ 

" ကိုယ်က မင်းမိဘတွေကိုသတ်ခဲ့တဲ့လူနော် ။ အဲ့တာတောင်မှ မင်းက ကိုယ့်ကိုလိုချင်နေတုန်းပဲလား? "

".........''

လီချန်းလျုံက ဘာမှပြန်မပြောနိုင်တော့ဘူး ။ ရှန်းကျားလျန်ကိုသာ မျက်တောင်မခတ်ကြည့်လို့နေတယ် ။ သူက သူရဲ့မိဘတွေအပေါ် တာဝန်မကျေခဲ့ဘူး ။ မိဘနှစ်ပါးအတွက် လက်တုံ့ပြန်ပေးရမဲ့အစား အဲ့ဒီလူကို ရူးရူးမူးမူးစွဲလမ်းသွားခဲ့တယ် ။ သူ့မိဘတွေသာ ဒီအကြောင်းတွေကိုသိရင် အတော်လေးစိတ်ပျက်သွားကြမှာ ။ ဒါပေမဲ့သူနောင်တမရဘူး ။ ရှန်းကျားလျန်ကို ချစ်မိသွားတဲ့အပေါ် ဘယ်တော့မှနောင်တမရဘူး ။ ရှန်းကျားလျန်ကို နာကျင်အောင်လုပ်မဲ့အစား သူ့ကိုယ်သူပဲနာကျင်အောင်လုပ်မယ် ။

" ဟုတ်တယ် လိုချင်နေတုန်းပဲ ။ အမှန်တရားကိုသိနေတာတောင်မှ ကျုပ်ဆိုတဲ့လူက ခင်များကိုလိုချင်နေတုန်းပဲ ။ ''

ရှောင်ကျန့်က လီချန်းလျုံရဲ့ပြတ်သားမှုအပေါ် အလွန်အံ့သြနေရတယ် ။ သူဆိုရင်ရော? ။ သူ့မိဘတွေကိုသတ်ခဲ့လူကိုခွင့်လွှတ်ပြီး ချစ်ပေးနိုင်မှာလား? ။ ဟင့်အင်း! မချစ်ပေးနိုင်လောက်ဘူး ။ အဲ့ဒီလူက သူ့အသက်ထက် ပိုချစ်ရတဲ့လူဖြစ်နေရင်တောင်မှ ခွင့်မလွှတ်ပေးနိုင်လောက်ဘူး ။ မိဘနှစ်ပါးအတွက် အဲ့ဒီလူကိုသတ်ပစ်မယ် ။ ပြီးရင်တော့ သူကိုယ်တိုင်လည်း အဲ့ဒီလူနောက်လိုက်သွားမယ် ။

The Story Of Phoenix KingWhere stories live. Discover now