''87"

2.8K 419 10
                                    

ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့စကားတွေကြောင့် စွန့်အသွားတော့တယ် ။ သူက လီရှင်းယီကိုနမ်းခဲ့တာတဲ့လား? သူကလေ?  ။ ဘယ်အချိန်တုန်းကလဲ? သူက ဘာလို့မသိခဲ့ရတာလဲ? ။ ဝမ်ရီပေါ်က သူရဲ့စိတ်ထဲကအတွေးတွေကို နားလည်နေတဲ့အလား ထပ်မံဆိုလာတယ် ။

" အဲ့ဒီအချိန်တုန်းက ခင်များက ပိုင်ယွီချန်ရဲ့ကိုယ်ထဲက မတည်​ငြိမ်တဲ့စွမ်အားတွေကြောင့် အသိစိတ်ပျောက်သွားခဲ့တယ် ။ အဲ့တာကြောင့် လီရှင်းယီက ခင်များစိတ်ရိုင်းမဝင်သွားအောင်လို့ သူရဲ့ကုသရေးစွမ်းအားတွေကို ထုတ်သုံးခဲ့တယ် ။ ဒါပေမဲ့ သူရဲ့လက်ရှိအဆင့်က ပိုင်ယွီချန်အတွက်မလုံလောက်ဘူး ။ အဲ့တာကြောင့်မို့လို့ သူက တစ်ခြားကုသသူတွေလိုမျိုး ခန္ဓာကိုယ်ချင်းထိတွေ့ပြီး ကုသတဲ့နည်းလမ်းကို အသုံးပြုခဲ့တယ် ။ နောက်တော့ သူရော ခင်မျာရော စိတ်ရှုပ်ထွေးသွားကြပြီး လွန်လွန်ကြူးကြူးတွေ ထိတွေ့မိလာတယ် ။ ကျိုးလော့ချင်းသာဝင်မတားရင် ခင်များတို့က အတူအိပ်ပြီးသွားလောက်ပြီ ''

ဝမ်ရီပေါ်က အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး အခုအချိန်အထိ ဒေါသထွက်နေရတုန်းပဲ ။ လီရှင်းယီရဲ့မျက်နှာက ရှောင်ကျန့်နဲ့တူနေရင်တောင်မှ ရှောင်ကျန့်မှမဟုတ်တာ ။ သူက ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ ။ ရှောင်ကျန့်က သူတစ်ယောက်တည်းရဲ့အပိုင်လေ ။ အဲ့တာကို တစ်ခြားလူတွေက သူ့စီကနေ လာလုယူချင်နေကြတယ် ။ အဆိုးဆုံးကတော့ သူက ဘာမှမလုပ်နိုင်တာပဲ ။ အဲ့ဒီအချိန်တုန်းက ရှောင်ကျန့်ကို ရပ်ဖို့အော်ဟစ်နေပေမဲ့ ရှောင်ကျန့်ကတော့ ကြားပုံမရ ။ ကျိုးလော့ချင်းသာဝင်မတားခဲ့ရင် သူက စိတ်လွှတ်သွားတော့မှာ ။

" ခဏ မင်းပြောချင်တာက ကိုယ်က အဲ့ဒီအချိန်တုန်းက အသိစိတ်လွတ်သွားခဲ့တာပေါ့လေ ''

" ဟုတ်တယ် ပိုင်ချင်းယွမ်ရဲ့ကိုယ်ထဲက စွမ်းအားတွေက သေချာပြန်ကောင်းမလားသေးဘူး ပြသာနာရှိနေတုန်းပဲ ။ အဲ့တာကို ခင်များက ကျိုးလော့ချင်းရဲ့တိုက်ခိုက်မှုကို သွားပြီးခုခံလိုက်တယ်လေ ။ အဲ့တာကြောင့်မို့ စိတ်ရိုင်းဝင်လုနီးနီဖြစ်သွားခဲ့တာ ''

ရှောင်ကျန့်က မျက်ခုံးတွေတွန့်ချိုးလို့နေတယ် ။ ဒီကမ္ဘာက ပုံမှန်မဟုတ်ဘူးပဲ ။ သူသတိပြုရမဲ့အရာတွေ အများကြီးရှိနေတယ် ။ စိတ်တိုင်းကျ လှုပ်ရှားလို့မရဘူး ။ မဟုတ်ရင် အခုလိုမျိုး အသိစိတ်ထပ်ပျောက်သွားနိုင်တယ် ။ အသိစိတ်ပျောက်တာက အရေးမကြီးပေမဲ့ အသိစိတ်ပျောက်​ပြီး ကုသသူတွေနဲ့နေခဲ့မိရင် ပြသာနာရှိလာနိုင်ပြီ ။ ကျစ်! ကုသသူတွေနဲ့ စွမ်အားရှင်တွေကြားက ဆက်နွယ်မှုတွေက သူထင်ထားတာထက် ပိုတောင်ရှုပ်ထွေးနေခဲ့တာပဲ ။

The Story Of Phoenix KingDove le storie prendono vita. Scoprilo ora