"139"

1.2K 183 10
                                    

ရှောင်ကျန့်က သူ့ရဲ့ဓားကို ဝမ်ရီပေါ်ရဲ့ရင်ဘတ်ထဲ အဆုံးအထိဝင်သွားအောင် ထိုးချပစ်လိုက်တယ် ။ အဲ့ဒီနောက် သူ့ကို ဝမ်းနည်းကြေကွဲနေတဲ့ မျက်လုံးတွေနဲ့ စိုကြည့်လာတဲ့ ဝမ်ရီပေါ်ကို လျစ်လျူရှုကာ လုမင်းရန်ရဲ့ဒဏ်ရာကို ကုသပေးလိုက်တယ် ။ လုမင်းရန်က သူ့အတွက် အသုံးဝင်နေသေးတာမို့ သေသွားလို့မဖြစ်ဘူး ။

ဝမ်ရီပေါ်က သွေးတွေစီးကျနေတဲ့ သူ့ရဲ့ရင်ဘတ်က ဒဏ်ရာကိုဖိကာ ...

" ကို... ကိုကို ဘာလို့ .... "

" ကိုယ်သိနေခဲ့တယ် မင်းစီမှာ ကိုယ့်ကို ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေခဲ့တယ်ဆိုတာကို "

ဝမ်ရီပေါ်ဟာ ရှောင်ကျန်ရဲ့စကားကြောင့် လဲကျလုမတက် ဖြစ်သွားခဲ့တယ် ။ ရှောင်ကျန့်က သူ့ကို အစကတည်းက သံသယဝင်နေခဲ့တာတဲ့လား ။ သူ လိမ်ညာထားတာကို အစကတည်းက ရိပ်မိနေခဲ့တာတဲ့လား ။

" ရှောင်ကျန့် အဲ့တာ ကျွန်တော် ရှင်းပြ ... "

" ဝမ်ရီပေါ် ကိုယ် မင်းကိုချစ်တယ် ... ချစ်လွန်းလို့ ခွင့်လွှတ်ပေးဖို့အထိတောင် ဆုံးဖြတ်ထားခဲ့ပြီးသား ... မင်းရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့ရင် မသိချင်ယောင်ဆောင်မယ်လို့ ဆုံးဖြတ်ထားခဲ့တာ ... ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်လို့ ထပ်ပြီးရူးမိုက်ဖို့ ရွေးချယ်ထားခဲ့တာ ဒါပေမဲ့ ... ဒါပေမဲ့ မင်းက ... "

ရှောင်ကျန့်က ရင်ဘတ်တွေ နာကျင်လာတာကြောင့် ဆက်မ‌ပြောနိုင်တော့ပေ ။ ဝမ်ရီပေါ်ရဲ့ သွေးတွေပေနေတဲ့ သူရဲ့လက်တွေကိုသာ မျက်ရည်တွေနဲ့ စိုက်ကြည့်နေခဲ့တယ် ။ ကံကြမ္မာက သူ့ကို ဘာလို့ ဒီလောက်အထိတောင် ရက်စက်နိုင်ရတာလဲ ။ အမုန်းဆုံးလူကိုမှ ထပ်ပြီးချစ်မိသွားအောင် ဖန်တီးပေးခဲ့တယ် ။ ဒါဆိုရင် သူက ဒီနေရာမှာ ဘာအတွက်ရှိနေရတာလဲ ။ သူခံစားခဲ့ရတာတွေက ဘာမှမဟုတ်တော့ဘူးလား ။ လူပုံလည်မှာ သစ္စာဖောက်ခံခဲ့ရပြီး အရှက်တကွဲ လှောင်ပြောင်ခံခဲ့ရတာတွေက ဘာအတွက်လဲ ။ အကျဉ်းသားတစ်ယောက်လို ပိတ်လှောင်ခံခဲ့ရတာတွေက ဘာအတွက်လဲ ။

" တောင်းပန်ပါတယ် ရှောင်ကျန့် ကျွန်တော်... ကျွန်တော် ဖုံးကွယ်ဖို့ မရည်ရွယ်ခဲ့ပါဘူး ... ကျွန်တော်က အဲ့ဒီလူဆိုတာကို ကျွန်တော်ကိုယ်တိုင် တကယ်မသိခဲ့တာပါ "

The Story Of Phoenix KingWhere stories live. Discover now