ရှောင်ကျန့်က အိပ်မက်ထဲမှာ သူ့ခန္ဓာကိုယ်ကိုရစ်ပတ်နေတဲ့ မြွေအကြီးကြီးကြောင့် အသက်ရှူရခက်ခဲလာတယ် ။ အဲ့ဒီမြွေကြီးက သူ့ရဲ့တစ်ကိုယ်လုံးကို ကျိုးကြေမတက်ရစ်ပတ်ထားပြီ သူ့ရဲ့မျက်နှာကိုလိုက်အနံ့ခံနေသလိုပဲ ။ ရုတ်တရက်အဲ့ဒီမြွေကြီးက လူအဖြစ်ပြောင်းလဲသွားပြီး သူ့ရဲ့နှုတ်ခမ်းကို ဆာလောင်မွတ်သိပ်စွာနမ်းလာတော့တယ် ။ ရှောင်ကျန့်က အိမ်မက်ကနေချက်ခြင်းနိုးလာတယ် ။ လီကျားရီက သူ့ကို ရေဘဝဲတစ်ကောင်လိုဖက်တွယ်ထားပြီး အိပ်ပျော်လို့နေတယ် ။
လတ်စသတ်တော့ သူ့အိမ်မက်ထဲကမြွေကြီးက လီကျားရီဖြစ်နေခဲ့တာပဲ ။ ဘယ်လိုကောင်လေးလဲဟ ! သူ့ကို ဒီလောက်အထိဖက်ထားဖို့လိုလို့လား ။ ရှောင်ကျန့်က သူ့ကိုအတင်းဖက်တွယ်ထားတဲ့ လီကျားရီရဲ့လက်တွေနဲ့ခြေထောက်တွေကို အတင်းဆွဲဖယ်ပြီး ရေချိုးခန်းထဲ ခပ်မြန်မြန်ဝင်သွားတော့တယ် ။ မဝင်လို့လည်းမရဘူးလေ ။ သူ့အောက်ပိုင်းက ထောင်နေတဲ့ဟာကြီးကို ဖြေရှင်းရအုံးမယ် ။
ရေချိုးခန်းထဲက ရေကျသံတွေကိုကြားတော့မှ လီကျားရီက သူ့ရဲ့ပိတ်ထားတဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ် ။ သူရဲ့အသက်ရှုသံတွေက ပုံမှန်နဲ့မတူပဲမြန်နေခဲ့ပြီး သူ့ရဲ့မှိုကြီးကလည်း ထောင်မတ်လို့နေတယ် ။ အား! သူတော့ရူးတော့မှာပဲ ။ ဒီကျန်းရှောင်ဖန်နဲ့ သူဘယ်လိုဆက်လုပ်ရမလဲ ။ သူက သူရဲ့အဖေတူအမေကွဲအကိုကို ဆန္ဒတွေရှိနေတယ်လေ ။ လီကျားရီက ဆံပင်တွေကိုစောင့်ဆွဲနေမိတယ် ။
ဘယ်သူမှသတိမထားမိတဲ့ ဝမ်ရီပေါ်က ကုတင်ပေါ်က သူရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လီကျာရီကို နီရဲနေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်လို့နေတယ် ။ အဲ့ဒီနှာဘူးကောင် ဘာလုပ်လဲဆိုတာကို သူမြင်ခဲ့တယ်လေ ။ အဲ့ဒီလီကျားရီက သူ့လူရဲ့တစ်ကိုယ်လုံးကိုပွတ်သတ်ပြီး နှုတ်ခမ်းတွေကိုနမ်းနေခဲ့တယ်မလား ။ ဒေါ်သထွက်ရလွန်းလို့ ကိုယ့်ကိုတောင်ဖျက်စီးချင်တယ် ။
သဝန်တိုနေတဲ့ ဝမ်ရီပေါ်က တရှူးရှူးတရှဲရှဲဒေါ်သထွက်နေရသလောက် လီကျားရီကတော့ သူ့ရဲ့နှုတ်ခမ်းတွေကိုထိပြီး ပြုံးလို့နေတယ် ။ ကျန်းရှောင်ဖန်ရဲ့နှုတ်ခမ်းတွေက တကယ်နူးညံ့တယ် ။ ဝါဂွမ်းလေးတွေလိုပဲ ။ သူထပ်ပြီး အဲ့ဒီနှုတ်ခမ်းလေးကို နမ်းရှိုက်ချင်သေးတယ် ။
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]