''96''

3.6K 401 14
                                    

သန္ဓေပြောင်း မကောင်းဆိုးဝါးတွေက အင်ပါယာကို ကျူးကျော်တိုက်ခိုက်လာတာမို့ အင်ပါယာမှာနေထိုင်ကြတဲ့ လူသားတွေက ကြွက်တွေလိုမျိုး မြေအောက်စခန်းတွေမှာ ပုန်းအောင်းနေကြရတယ် ။ မကောင်းဆိုးဝါးတွေရဲ့ ဘုရင်မအသစ်က အင်ပါယာကို သူမရဲ့လက်အောက်ခံနိုင်ငံအဖြစ် သိမ်းယူဖို့ အလွန်တရာ စိတ်အားထက်သန်နေတာမို့ 2Sအဆင့် မကောင်းဆိုးဝါးတွေကိုပါ အင်ပါယာထဲ ထပ်မံစေလွှတ်ခဲ့တယ် ။ အဲ့တာကြောင့်မို့လို့ အင်ပါယာဘက်က အခုဆိုရင် အတော်လေးအထိနာနေခဲ့ပြီ ။

အဆင့်နိမ့်စွမ်းအားရှင်တွေဟာ ထိုမကောင်းဆိုးဝါးတွေကြောင့် ဒဏ်ရာအကြီးအကျယ်ရကာ တစ်ချို့ဆိုရင် ထိန်းချုပ်မရဖြစ်​ပြီး ရူးသွပ်သွားတာမို့ ထိန်းသိမ်းခံထားရတယ် ။ အဆင့်မြင့်စွမ်းအားရှင်တွေကတော့ သန်မာတယ်လို့ဆိုလို့ရတယ် ။ သူတို့တွေက အခုအချိန်အထိ တောင့်ခံထားနိုင်ကြတုန်းပဲ ။

" ဒီအတိုင်းဆိုရင် တိုက်ပွဲက အခြေအနေမကောင်းတော့ဘူး ။ ထိပ်တန်းအဆင့်စွမ်းအားရှင်တွေကို ရှေ့တန်းတပ်ဖွဲ့ထဲ လွှတ်ရမဲ့အချိန်ရောက်ပြီ မဟုတ်ရင် ငါတို့ဘက်က ရှုံးနိမ့်သွားလိမ့်မယ် ''

" မဖြစ်ဘူး! သူတို့တွေက အင်ပါယာရဲ့နောက်ဆုံးမျှော်လင့်ချက်တွေ တိုက်ပွဲက အခုမှစရုံပဲရှိသေးတာ မင်းက သူတို့တွေကို တန်းပြီးအသုံးချချင်နေတာလား? "

" အဲ့ဒီလိုမလုပ်ရင် ရှေ့တန်းကလူတွေ အကုန်သေကုန်သေလိမ့်မယ် 2Sအဆင့် မကောင်းဆိုးဝါးတွေကို သူတို့အနိုင်မယူနိုင်ဘူး အုပ်ချုပ်သူအရှင် ကျေးဇူးပြုပြီး ထိပ်တန်းအဆင့်စွမ်းအားရှင်တွေကို ရှေ့တန်းကိုစေလွှတ်ပေးပါ ''

" ကာကွယ်ရေးဝန်ကြီးချုပ် ခင်များရူးနေပြီလား? သူတို့ကို ရှေ့တန်းထဲစေလွှတ်ရင် နောက်တန်းကို ဘယ်သူက ကာကွယ်မှာလဲ? မကောင်းဆိုးဝါးဘုရင်မက နောက်တန်းကိုတိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ? အဲ့ဒီအခါကျရင် အင်ပါယာက ကျရှုံးသွားလိမ့် အုပ်ချုပ်သူအရှင် ကာကွယ်ရေးဝန်ကြီးချုပ်ရဲ့တောင်းဆိုမှုကို လက်မခံပါနဲ့ ''

ကျိုးချောင်ယန်က သူ့ကိုအရှေ့မှာထားကာ တစ်ဖက်နဲ့တစ်ဖက် အသားကုန်ငြင်းခုန်နေကြတဲ့ လူတွေကို စိတ်ပျက်စွာကြည့်နေမိတယ် ။ အဲ့ဒီလူတွေက သူ့ကို ဘာအကြံမှမပေးနိုင်တဲ့အပြင် စိတ်ရှုပ်အောင်ပါ လာလုပ်နေသေးတယ် ။ စိတ်ထဲရှိတဲ့အတိုင်းသာ လုပ်လို့ရမယ်ဆိုရင် အကုန်လုံးကို မောင်းထုတ်ပစ်လိုက်ပြီ ။ အဲ့ဒီအချိန်မှာပဲ အလောတကြီးပြေးလာတဲ့ လူတစ်ယောက် ။ အဲ့ဒီလူက သူ့ကိုကြည့်ကာ တုန်ယင်စွာလျှောက်တင်လာတယ် ။

The Story Of Phoenix KingWhere stories live. Discover now