''48''

4.8K 702 11
                                    

ရှောင်ကျန့်က အိပ်ယာထက်ပြန်လှဲကာ မလှုပ်ရှားနိုင်သလိုမျိုးဟန်ဆောင်ပြီး ကလိမ်ကကျစ်ကျတဲ့နည်းလမ်းနဲ့ပဲ တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ် ။ သူရဲ့လက်ရှိအခြေအနေနဲ့ လီချန်းလျုံကို ထိပ်တိုက်ရင်ဆိုင်တာက ကောင်းတဲ့အရာမဟုတ်ဘူး ။ အဲ့ဒီအယုတ်တမာကောင်ရဲ့အတွေးတွေကို သူမသိနိုင်ဘူးလေ ။ ရှောင်ကျန့်က ကောက်ကျစ်စွာပြုံးလိုက်တယ် ။

လီချန်းလျုံက အခန်းထဲကိုခြေချလိုက်တာနဲ့ မျက်နှာပျက်ယွင်းသွားတော့တယ် ။ သူမရှိတုန်း တစ်ယောက်ယောက်များ ဒီနေရာကိုရောက်လာခဲ့တာလား? ။ တတိယလူရဲ့အငွေ့အသက်တွေကို ဘာလို့ရနေရတာလဲ? ။ ရှန်းကျားလျန်ကိုကြည့်လိုက်တော့ အသက်မပါတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေလို့နေတယ် ။ သူအတွေးလွန်နေတာများလား? ။ လီချန်းလျုံက ရှန်းကျားလျန်ရဲ့အနားကိုသွားလိုက်တယ် ။

ရှောင်ကျန့်က လီချန်းလျုံရဲ့ခန္ဓာကိုယ်ပေါ်က ​သွေးနံ့တွေကိုသတိထားမိတော့ မနှစ်မြို့မှုတွေက အထင်သားပေါ်လာခဲ့တယ် ။ ဒီအယုတ်တမာကောင်က သူရဲ့ခန္ဓာကိုယ်ပေါ်ကသွေးနံ့တွေကို မဆေးကြောဘူးလား? ။ ရွံဖို့ကောင်းလိုက်တာ ။

လီချန်းလျုံက ရှန်းကျားလျန်ရဲ့မျက်ဝန်းထဲက မနှစ်မြို့မှုတွေကိုမြင်လိုက်ရတာကြောင့် ဘာကိုဒေါ်သထွက်လို့ထွက်မှန်းမသိ ဖြစ်လာတော့တယ် ။ ရှန်းကျားလျန်က သူ့ကို အခုလိုမျိုးဆက်ဆံနေတာကို သူသဘောမကျဘူး ။ တကယ်ဆိုရင် သူ့ကိုတောင်းတောင်းပန်ပန်နဲ့ သူ့အကြိုက်ကိုလိုက်နေရမှာမဟုတ်ဘူးလား? ။ ဘာကြောင့်သူ့ကို အမြဲဆန့်ကျင်နေရတာလဲ? ။

" ကျုပ် ဒီနေ့ကြေညာချက်အသစ်ထုတ်ခဲ့တယ် ။ ဘာလဲဆိုတာကို မသိချင်ဘူးလား? "

လီချန်းလျုံက သူ့ကို ရွံစရာသတ္တဝါတစ်ကောင်လိုကြည့်နေတဲ့ ရှန်းကျားလျန်ရဲ့မျက်လုံးတွေကို မမြင်ချင်ယောင်ဆောင်ကာ စကားဆိုလိုက်တယ် ။ ရှန်းကျားလျန်ကတော့ မသိချင်ဘူးဆိုတဲ့ပုံစံနဲ့ သူ့ကိုလျစ်လျူရှုထားတယ် ။ လီချန်းလျုံက ​မထီမဲ့မြင်ရယ်မောလိုက်ပြီး ရှန်းကျားလျန်ရဲ့အနားကိုပိုကပ်သွားကာ ရန်စလိုက်တယ် ။

The Story Of Phoenix KingWhere stories live. Discover now