ဟူမင်ယွီဟာ သူ့ကိုရှာတွေ့သွားတဲ့ အနက်ဝတ်ရုံနဲ့လူကြောင့် မှင်သက်သွားခဲ့တယ် ။ သူရဲ့အငွေ့အသက်ကို ဖုံးကွယ်ထားတာတောင်မှ အဲ့ဒီလူက သူ့ကို ရှာတွေ့သွားတယ်တဲ့လား ။ ပြီးတော့ အဲ့ဒီလူရဲ့စကားအရ အဲ့ဒီလူက သူ့ကို အစကတည်းက သတိထားနေတာ မြင်နိုင်တယ် ။ ပုံရိပ်ကမ္ဘာထဲက လူတစ်ယောက်က ဒီလောက်အထိ အစွမ်းထက်နေနိုင်တာ သိပ်ကိုအံ့ဩဖို့ကောင်းတယ် ။ အဲ့ဒီလူသာ နတ်ဘုရားကမ္ဘာမှာ မွေးလာခဲ့ရင် သူတို့လိုပဲ အဆင့်အတန်းတစ်ခုရှိနေမှာ သေချာတယ် ။
" မင်း ငါ့ကို ဘယ်လိုလုပ်ရှာတွေသွားတာလဲ "
ဟူမင်ယွီက ဖုံးကွယ်ထားတာကို ဖျက်ကာ သူ့ကို စိုက်ကြည့်နေတဲ့ အနက်ရောင်ဝတ်ရုံနဲ့ လူကို မေးလိုက်တယ် ။
" သားရဲနယ်မြေတစ်ခုလုံးက ငါရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာလေ ... မင်းက မြေခွေးတစ်ကောင်ဖြစ်နေပေမဲ့ ဒီနယ်မြေကမှ မဟုတ်တာ ငါ မင်းကို သတိမထားမိစရာ အကြောင်းမရှိဘူးလေ "
" ဒီတော့ မင်းက ငါ့ကို တမင်လွှတ်ပေးထားခဲ့တာပေါ့ အဟက်! ဒီရက်တွေထဲ ငါ ဘာမှရှာလို့မတွေ့တာ မထူးဆန်းတော့ဘူးပဲ မင်းက အစကတည်းက ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်နေခဲ့တာကို ... ဆေးပင်ကိစ္စသာ ရှိမလာခဲ့ရင် မင်းက အဆုံးအထိ မသိချင်ယောင် ဆောင်နေခဲ့မှာမလား ... ကြည့်ရတာ ဆေးပင်ခိုးသွားတဲ့လူကြောင့် မင်းရဲ့ကြံစည်ထားတဲ့ ကိစ္စတွေ အဆင်မပြေတော့ဘူးထင်တယ် "
ဟူမင်းယွီက လူသားပုံစံပြန်ပြောင်းလိုက်တယ် ။ ဒါပေမဲ့ သူရဲ့လက်ရှိလူသားပုံစံက ဒီကမ္ဘာရဲ့လုမင်းရန် မဟုတ်ဘူး ။ နတ်ဘုရားကမ္ဘာက သူရဲ့မူရင်းပုံစံသာဖြစ်တယ် ။ ဘာလို့ဆို အနက်ရောင်ဝတ်ရုံနဲ့လူက သူ လုမင်းရန်ဖြစ်ကြောင်း မသိဘူးလေ ။ အဲ့တာကြောင့် သူကလည်း ဆက်လက်ဖုံးကွယ်ထားခဲ့တယ် ။
" မင်းဘယ်သူလဲ ဘယ်ကရောက်လာတာလဲဆိုတာ ငါ စိတ်မဝင်စားဘူး ဒါပေမဲ့ ငါ စီစဉ်ထားတဲ့ကိစ္စတွေကို ဝင်ရောက်နှောက်ယှက်လာမယ်ဆိုရင်တော့ ငါဘက်က ငြိမ်နေမှာမဟုတ်ဘူး "
အနက်ရောင်ဝတ်ရုံနဲ့လူက သူရဲ့ဖိနှိပ်ထားတဲ့ အရှိန်အဝါတွေကို ဖော်ထုတ်လိုက်တယ် ။ ဒါပေမဲ့ တစ်ဖက်လူက သူထင်ထားသလို သွေးအန်ပြီး ဒူးထောက်ကျမသွားတာကြောင့် တစ်ဖက်လူအပေါ် သူ့ရဲ့အမြင်က ပြောင်းလဲသွားခဲ့တယ် ။ သူရဲ့အရှေ့မှာရှိနေတဲ့ မြေခွေးလူသားက သာမန်မဟုတ်ဘူး ။ ကမ္ဘာနှစ်ခုစလုံးကို ဖျက်စီးခဲ့တဲ့ သူ့နဲ့ ယှဉ်ပြီး တိုက်ခိုက်နိုင်ပုံရတယ် ။ ထူးဆန်းတယ် ! အဲ့ဒီမြေခွေးလူသားက ဘယ်လိုလုပ်ပြီး ဒီကမ္ဘာမှာ ရှိနေရတာလဲ ။
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]