"135"

887 139 6
                                    

လုယီအန်းဟာ ဝေ့ပိုင်ယီရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ လုမင်းရန်ကြောင့် မျက်ခုံးတွေ‌ တွန့်ချိုးနေခဲ့တယ် ။ လုမင်းရန်က ကျိုးမင်းယွမ်ကို သဘောကျနေတာ မဟုတ်ဘူးလား ။ ဒီလိုတွေ ဘာလို့ပြုမူနေရတာလဲ ။

" လုမင်းရန် ငါ့ရဲ့ကိစ္စကို လာမရှုပ်စမ်းနဲ့ ... ကျိုးမင်းယွမ်ကိုလိုချင်ရင် မင်းဘာသာမင်း ကိုယ်တိုင်သွားပြီးကြိုးစား ... ဝေ့ပိုင်ယီကို မင်းတို့ရဲ့ကိစ္စထဲ ဆွဲမထည့်နဲ့ ဝေ့ပိုင်ယီက အဲ့ဒီကိစ္စတွေနဲ့ ဘာမှမဆိုင်တော့ဘူး ... ငါ သူ့ကို ဘယ်သူမှမရှိတဲ့နေရာစီ ခေါ်ပြီး ထွက်သွားတော့မှာ ... အဲ့ဒီအချိန်ကျရင် ကျိုးမင်းယွမ်ကို မင်းကြိုက်သလိုလုပ်နိုင်တယ် "

လုယီအန်းက ဝေ့ပိုင်ယီရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ လုမင်းရန်ရဲ့လက်ကို ဆွဲဖြုတ်ကာ ဆိုလိုက်တယ် ။

" ခင်များနဲ့ခေါ်သွားမယ် ဟုတ်လား အဟက်! ကျုပ်က ခင်များကို ခွင့်ပြုပေးမယ်ထင်နေတာလား ... သူ့ကို ခေါ်ပြီးထွက်သွားရအောင် ခင်များကိုယ်ခင်များ ဘယ်သူထင်နေလဲ "

လုမင်းရန်က လုယီအန်းကို လှောင်ပြုံး ပြုံးပြခဲ့တယ် ။ဝေ့ပိုင်ယီကို ကိုယ်ပိုင်အသိစိတ်ပြန်ရအောင် သူလုပ်ပေးနိုင်တယ် ။ ဒုတိယဘဝတုန်းက သူ့ကိုယ်တိုင်ပဲ အဲ့ဒီလိုလုပ်ပေးခဲ့တာ ။ ဝေ့ပိုင်ယီက မှတ်ညဏ်တွေပျောက်သွားပြီး ဘာမှမသိတော့ဘူးဆိုရင် သူဘက်ကလည်း အရင်ကအရာတွေကို မေ့ပစ်ပြီး အသစ်ကနေ အကုန်ပြန်စပေးလိုက်မယ် ။

" လုမင်းရန် မင်း.... ဝေ့ပိုင်ယီကို သဘောကျနေခဲ့တာလား "

လုယီအန်းဟာ သိလိုက်ရတဲ့အမှန်တရားကြောင့် ရှော့ရသွားခဲ့တယ် ။ လုမင်းရန်က ဝေ့ပိုင်ယီကို သဘောကျနေခဲ့တာတဲ့လား ။ ဒါဆိုရင် ကျိုးမင်းယွမ်ကို ဘာအတွက် ချည်းကပ်ခဲ့တာလဲ ။ ကျိုးမင်းယွမ်ကို ရူးရူးမူးမူးချစ်နေတဲ့ပုံစံ ဘာအတွက် ဟန်ဆောင်‌ခဲ့တာလဲ ။

" ခင်များရဲ့ပုံစံကိုကြည့်ရတာ ပြန်လည်မွေးဖွားလာတဲ့ပုံပဲ တားမြစ်ဆေးလုံးကို အလွယ်တကူရအောင် ဖန်တီးနိုင်ခဲ့တာ ဆိုတော့လေ "

" .......... "

" လုယီအန်းရ လုယီအန်း ခင်များက ကိုယ့်ကိုယ်ကို သိပ်ပြီးအထင်ကြီးနေတာပဲ ... ပြန်လည်မွေးဖွားလာရုံနဲ့ ဝေ့ပိုင်ယီကို ပိုင်ဆိုင်နိုင်မယ်လို့များ ထင်နေခဲ့တာလား ... ခင်များလို လူယုတ်မာတစ်ယောက်က သူ့ကို ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး  "

The Story Of Phoenix KingWhere stories live. Discover now