"142"

1.2K 160 5
                                    

" ဝမ်ရီပေါ် မင်းရူးနေပြီလား မင်းရဲ့လက်ရှိပုံစံနဲ့ ဖီးနှစ်မျိုးနွယ်ထဲ သွားနိုင်မယ်ထင်နေတာလား ရှောင်ကျန့်က ဘာကိုမှဂရုမစိုက်ပဲ မင်းကို သတ်ပစ်လိမ့်မယ်ကွ မင်း အခုအချိန်အထိ နားမလည်သေးဘူးလား သူက မင်းကို လုံးဝမချစ်တော့ဘူး မင်းက သူရဲ့ရန်သူပဲ မင်း သေသေရှင်ရှင် ဂရုစိုက်မှာမဟုတ်ဘူး "

ဟူမင်ယွီဟာ ရှောင်ကျန့်စီသွားဖို့ အတင်းလုပ်နေတဲ့ ဝမ်ရီပေါ်ကြောင့် ဒေါသတကြီး ပြောဆိုလိုက်တယ် ။ ရွှေရောင်အသက်ဓာတ်လုံးကြောင့် စိတ်ဝိညာဉ်ထိခိုက်သွားတဲ့ ဝမ်ရီပေါ်ကို သူ့မှာ ခက်ခက်ခဲခဲ ကယ်တင်ထားရတာ ။ အသက်ရှင်နေသေးတယ်ဆိုပေမဲ့ စွမ်းအားတွေကိုတော့ သုံးလို့ရမှာမဟုတ်ဘူး ။ မဟုတ်ရင် စိတ်ဝိညာဉ်က တောင့်ခံနိုင်မှာမဟုတ်ဘူး ။ တဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားလိမ့်မယ် ။

ရှောင်ကျန့်က ဘာလို့ ဒီလောက်အထိတောင် ရက်စက်နိုင်ရတာလဲ ။ ဝမ်ရီပေါ်က သစ္စာဖောက်ခဲ့တယ်ဆိုပေမဲ့ အဲ့ဒီအတွက် အများကြီး ပြန်ပေးဆပ်ခဲ့ပြီးပြီလေ ။ သူရဲ့ဝိညာဉ်အစိတ်အပိုင်းတွေ ပျောက်ကွယ်သွားပြီး မပြည့်စုံတော့မှာကိုတောင် ဂရုစိုက်ခဲ့တာမဟုတ်ဘူး ။ ရှောင်ကျန့်ကို ပြန်တွေ့နိုင်ဖို့အတွက် သူ့မှာရှိသမျှ အရာအားလုံးကို ပေးပစ်ခဲ့တယ် ။ ဒါပေမဲ့ သူ ဘာကိုပြန်ရခဲ့လဲ ။ ရှောင်ကျန့်ရဲ့ ရက်စက်မှုတွေကလွဲပြီး ဘာမှပြန်မရခဲ့ဘူး မဟုတ်လား ။

ရွှေရောင်အသက်ဓာတ်လုံးကို မီးရှို့လိုက်တဲ့ ရှောင်ကျန့်ကြောင့် သေမတက်နာကျင်ခဲ့ပြီး ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရတယ် ။ အသက်ရှင်နေသေးတယ်ဆိုပေမဲ့ ဒုက္ခတိတစ်ယောက်လို ဖြစ်သွားခဲ့ပြီ ။ အဲ့တာကိုတောင်မှ ဖီးနှစ်မျိုးနွယ်ထဲသွားပြီး ရှောင်ကျန့်နဲ့ သွားတွေ့မယ်တဲ့လား ။ ရှောင်ကျန့်က ဂရုစိုက်မယ်များ ထင်နေတာလား ။ သူရဲ့ပုံစံကိုကြည့်ပြီး ပျော်ပျော်ကြီးတောင် ရယ်မောနေအုံးမှာ ။

မျိုးနွယ်စုနှစ်ခုကြားက စစ်ပွဲကြားက ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ကောင်းကင်မင်းကြီးကြောင့် ရပ်တန့်သွားတယ်ဆိုပေမဲ့ အဲ့ဒီငြိမ်းချမ်းမှုက ခဏ‌တာပဲလေ ။ အချိန်မရွေး ပြန်ပြီးပျက်စီးသွားနိုင်တယ် ။ အခုဆိုရင် ဖီးနှစ်မျိုးနွယ်မှာ ရှောင်ကုယွမ်ပါ ရှိနေပြီ ။ နဂါးမျိုးနွယ်က အနိုင်ရဖို့ မဖြစ်နိုင်တော့ဘူး ။ အဲ့တာကြောင့် ဝမ်ရီပေါ်က ရှောင်ကျန့်နဲ့ အတူရှိနေနိုင်မှာ မဟုတ်တော့ဘူး ။ ရှောင်ကျန့်ကို ဆုံးရှုံးလိုက်ရပြီ ။

The Story Of Phoenix KingTempat cerita menjadi hidup. Temukan sekarang