ကျူဖုန်းမင်က သတိပြန်ဝင်လာတော့ သူ့ရှေ့မှာရပ်ပြီးကာကွယ်ပေးထားတဲ့ ရီဝူချင်းကိုတွေ့လိုက်ရတယ် ။ ရီဝူချင်းရဲ့ရင်ဘတ်မှာတော့ ဓားတစ်ချောင်းကစိုက်ဝင်နေတယ် ။ ကျူဖုန်းမင်က အလွန်အံ့သြသွားတယ် ။ ရီဝူချင်းက သူ့ကိုယ်စားဝင်ခံလိုက်တယ် ။ ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ? ။ ရီဝူချင်းရဲ့ခန္ဓာကိုယ်လေးက ကြိုးပြတ်သွားတဲ့စွန်လေးလိုမျိုး လဲကျလာတယ် ။
ကျူဖုန်းမင်း ရီဝူချင်းရဲ့ကိုယ်လေးကို အမြန်ဖမ်းယူလိုက်တယ် ။ ရီဝူချင်းကတော့ သူ့ရင်ခွင်ထဲမှာသတိမေ့နေခဲ့ပြီ ။ ကျူဖုန်းမင်က သူ့ရဲ့Systemကိုဆက်သွယ်ပြီး မိစ္ဆာတွေအားလုံးကိုသတ်ပစ်ခဲ့တယ် ။ အဲ့ဒီနောက်ရီဝူချင်းကို သူရဲ့တောင်စီခေါ်သွားလိုက်တယ် ။ ရီဝူချင်းရဲ့အကိုဖြစ်တဲ့ ရီအန်းယာသာ ရီဝူချင်းဒဏ်ရာရတယ်ဆိုတာသိသွားရင် ပြသနာတက်ကုန်လိမ့်မယ် ။
ရီအန်းယာက ညီထိဓားကြည့်ဆိုတဲ့လူစားမျိုး ။ သူ့ကိုကယ်လို့ဖြစ်သွားတယ်ဆိုတာကို သိသွားလို့ကတော့ သူ့ကို ရီဝူချင်းကိုနဲ့ တွေ့ခွင့်ပေးတော့မှာမဟုတ်ဘူး ။ အဲ့ဒီအချိန်ကျရင် ရီဝူချင်းကိုတွေ့ရဖို့ဆိုတာက အလွန်ခက်ခဲသွားပြီ ။ သူရဲ့တာဝန်တွေလည်း ကျရှူံးသွားလိမ့်မယ် ။ သူက ဒါကိုလက်မခံနိုင်ဘူး ။ ဒါကြောင့်ရီဝူချင်းကို သူနေတဲ့နေရာကိုခေါ်လာခဲ့တယ် ။
" ဆရာပြောတော့ကြာမယ်ဆို? ဘာလို့အစောကြီး.... ''
လျိုအန်းက ကျူဖုန်းမင်ပြန်ရောက်ပြီဆိုတာသိတော့ အလွန်ပျော်ရွှင်သွားတယ် ။ ဒါပေမဲ့သူ့ရဲ့ပျော်ရွှင်မှုက ဘယ်လောက်မှမခံဘူး ။ သူရဲ့ဆရာက လူတစ်ယောက်ကိုပွေ့ချီထားတယ် ။ လျိုအန်းက လက်တွေကိုတင်းနေအောင်ဆုပ်မိသွားတယ် ။ အဲဒီလူကဘယ်သူလဲ? ။ ဘာလို့သူရဲ့ဆရာက အရမ်းဂရုစိုက်နေရတာလဲ? ။
" လျိုအန်း ဆရာ့အတွက် အဝတ်တစ်ထည်နဲ့ရေယူလာခဲ့ပေး ''
လျိုးအန်ရဲ့အတွေးတွေက ကျူဖုန်းမင်းရဲ့စကားသံကြောင့် ပြတ်တောက်သွားတယ် ။
" လျိုအန်း? "
" ဟုတ် ကျွန်တော်အမြန်သွားယူလိုက်ပါ့မယ် ''
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]