"126"

993 143 11
                                    

ဟူမင်ယွီတစ်ယောက် သူတို့ရဲ့စကားဝိုင်းကို ခိုးနားထောင်နေတဲ့ ရှမင်ကျိုးကို မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ တအံ့တဩကြည့်နေမိတယ် ။ သူနဲ့ ဝမ်ရီပေါ်က သာမန်လူတွေ မဟုတ်ဘူးလေ ။ သူတို့ပြောနေတဲ့ စကားတွေကို ခိုးထောင်နေတဲ့လူရှိမှန်း ဘာလို့ စောစောမသိခဲ့ရတာလဲ ။ တစ်ဖက်လူက သူတို့ရဲ့စကားတွေကို အကုန်လုံးနီးပါး ကြားသွားတဲ့အထိ သူတို့နှစ်ယောက်က သတိလက်လွှတ် ဖြစ်နေတယ်တဲ့လား ။

" ရှမင်ကျိုး "

သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေတဲ့ ဝမ်ရီပေါ်ရဲ့အသံက အတွေးလွန်နေတဲ့ သူ့ကို ချက်ခြင်းသတိဝင်လာစေတယ် ။ ဝမ်ရီပေါ်က သူတို့ရဲ့စကားတွေကို ကြားသွားတဲ့ ရှမင်ကျိုးကို နှုတ်ပိတ်သတ်ပစ်တော့မဲ့ အချိန်မှာပဲ မခံမရပ်နိုင်အောင် နာကျင်လာတဲ့ သူရဲ့နှလုံးကြောင့် အလျှင်အမြန် ဝင်ကယ်မိသွားတယ် ။

" ဟူမင်ယွီ ဒါက ဘာသဘောလဲ မင်းက သူ့ကို ကယ်ချင်နေတာလား "

ဝမ်ရီပေါ်က ရှမင်ကျိုးကိုကယ်လိုက်တဲ့ ဟူမင်ယွီရဲ့လုပ်ရပ်ကြောင့် မကျေမနပ်ဖြစ်ကာ သတ်ဖြတ်လိုစိတ်တွေ ပိုမိုပြင်းထန်လာတယ် ။ ရှမင်ကျိုးကို အသက်ရှင်ချင်ခွင့် ပေးလို့မဖြစ်ဘူး ။ အဲ့ဒီလူက သူတို့ရဲ့စကားကို ကြားသွားခဲ့တယ် မဟုတ်ပါလား ။ ရှောင်ကျန့်သာ အဲ့တာကိုသိသွားရင် သူ ရှောင်ကျန့်ကို ထပ်ပြီးဆုံးရှုံးရလိမ့်မယ် ။

" သူ့ကို သတ်လိုက်တာက ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘူး အဲ့တာကြောင့် တစ်ခြားနည်းလမ်း စဉ်းစားသင့်တယ် "

ဟူမင်ယွီက ရှမင်ကျိုးကို သူရဲ့အနောက်မှာထားကာ ကာကွယ်ပေးရင်း ဆိုလာတယ် ။ တစ်ချိန်တည်းမှာပဲ ရှမင်ကျိုးကို ဘာလို့ ကယ်မိသွားလဲဆိုတာ သူကိုယ်တိုင်တောင် နားမလည်နိုင်ခဲ့ဘူး ။ အဲ့ဒီလူကိုမြင်တိုင်း သူရဲ့ခံစားချက်တွေက ဖော်ပြလို့မရအောင် ထူးဆန်း‌လာတယ် ။

ဝမ်ရီပေါ်ဟာ ထူးခြားစွာပြုမူနေတဲ့ ဟူမင်ယွီကို မျက်မှောင်ကျုံ့ကာ ကြည့်မိသွားတယ် ။ ဟူမင်ယွမ်မှာ ချစ်ရတဲ့လူရှိမှန်း သိထားတာကြောင့် ဟူမင်ယွီရဲ့အခုလုပ်ရပ်က သူ့ကို စိတ်ရှုပ်စေတယ် ။ ဟူမင်ယွီတစ်ယောက် သူရဲ့ချစ်သူကို အသက်ပြန်သွင်းချင်နေတာကိုသာ သိမထားခဲ့ရင် တစ်ခြားတစ်ယောက်ကို ပြောင်းချစ်မိသွားတယ်လို့တောင် ထင်နေလောက်ပြီ ။ ဝမ်ရီပေါ်က ထိုအတွေးကြောင့် ရှမင်ကျိုးရှိရာကို ထပ်မံကြည့်မိသွားတယ် ။

The Story Of Phoenix KingDove le storie prendono vita. Scoprilo ora