''122''

1.7K 198 5
                                    

သွေးမျိုးနွယ်ဝင်တွေက လူစိမ်းတစ်ယောက်ကို ပွေ့ချီကာပြန်လာတဲ့ သူတို့ရဲ့မင်းသားဖြစ်သူကြောင့် မယုံကြည်နိုင်စွာ လိုက်ကြည့်နေမိတယ် ။ သူတို့ရဲ့မင်းသားက အဲ့ဒီလူကို ဘာကြောင့် ပွေ့ချီထားရတာလဲ ။ သခင်လေးရှမင်ကျိုး ခံစားသွားရမှာ မစိုးရိမ်ဘူလား ။ သခင်လေးရှမင်ကျိုးက သူတို့ရဲ့မင်းသားနဲ့ စေ့စပ်ထားတဲ့အပြင် မင်းသားကိုလည်း အရမ်းသဘောကျတယ် ။ သွေးမျိုးနွယ်ဝင်တွေဟာ ရှမင်ကျိုးအတွက် အလွန်စိတ်မကောင်းဖြစ်နေမိတယ် ။

" အရှင်မင်းသား ဒီလူက... ''

ရှမင်ကျိုးနဲ့ အလွန်ရင်းနီးတဲ့ သွေးမျိုးနွယ်ဝင်တစ်ယောက်က သတ္တိမွေးကာ ပြောလာတယ် ။ ဒါပေမဲ့ သူ့ကို စူးရှစွာ စိုက်ကြည့်လာတဲ့ မင်းသားရဲ့မျက်လုံးတွေကြောင့် လည်ချောင်းထဲရောက်နေတဲ့ စကားတွေကို တစ်ဝက်တစ်ပျက်နဲ့ ပြန်မျိုချလိုက်တယ် ။ အရှင်မင်းသား အဲ့ဒီလူကို ကာကွယ်ပေးနေတယ် မဟုတ်ပါလား ။

" အခုအချိန်ကစပြီး သူက ငါနဲ့အတူနေလိမ့်မယ် သူ့ကို အနိုင်ကျင့်ဖို့ မကြိုးစားနဲ့... သူ့စီမှာ တစ်ခုခုဖြစ်လို့ကတော့ မင်းတို့အားလုံး အပြစ်ပေးခံရလိမ့်မယ် ''

ရှောင်ကျန့်က ကျိုးမင်းယွမ်ကို ရန်လိုစွာကြည့်နေကြတဲ့ သွေးမျိုးနွယ်ဝင်တွေကို သတိပေးသလိုကြည့်ကာ ဆိုလိုက်တယ် ။ သွေးမျိုးနွယ်ဝင်တွေက ရှမင်ကျိုးကို အလွန်သဘောကျတာကြောင့် ရုတ်တရက်ပေါ်လာတဲ့ ကျိုးမင်းယွမ်ကို အသာတကြည် လက်ခံမှာမဟုတ်ဘူး ။ သူ မရှိတဲ့အချိန်တွေဆိုရင် ကျိုးမင်းယွမ်က အနိုင်ကျင့်ခံရနိုင်တယ် ။ အဲ့တာကြောင့် အခုလို ပေါ်တင်ကာကွယ်ပေးလိုက်တာက အကောင်းဆုံးပဲ ။

အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်က သူရဲ့အစေခံကို ကျိုးမင်းယွမ်အတွက် အာဟာရရှိတာတွေ ချက်ပြုတ်ထားဖို့ အမိန့်ပေး ခိုင်းစေလိုက်တယ် ။ ကျိုးမင်းယွမ်ကတော့ အလွန်ပင်ပန်းနေတဲ့အလား သူရဲ့ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့တယ် ။ အဲ့တာကြောင့် အိပ်ပျော်နေတဲ့ ကျိုးမင်းယွမ်ကို သူရဲ့ကုတင်ပေါ်တင်ကာ အိပ်ယာထက် အိပ်စေခဲ့တယ် ။

The Story Of Phoenix KingOnde histórias criam vida. Descubra agora