''62''

5.1K 705 31
                                    

ချင်းအိမ်တော်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအားလုံးက ချင်းလီလီကိုပွေ့ချီထားတဲ့ ချင်းလီရွမ်ကိုတွေ့တော့ သရဲတစ်ကောင်ကိုမြင်လိုက်ရတဲ့အလား မျက်လုံးတွေပြူးကျယ်သွားတော့တယ် ။ ဥက္ကဋ္ဌချင်းက သခင်မလေးလီလီကို ပွေ့ချီထားတယ်တဲ့လား! ဥက္ကဋ္ဌချင်းကလေ!! အသန့်ကြိုက်တဲ့ဥက္ကဋ္ဌချင်ကြီးကလေ!! သူတို့ရဲ့မျက်လုံးတွေထဲ တစ်ခုခုများဝင်သွားတာပဲဖြစ်ရမယ် ။ ဒါကြောင့်အခုလိုမြင်ကွင်းမျိုးကို မှားမြင်နေတာ ။

ချင်းလီလီက သူမကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့မျက်လုံးတွေကိုမြင်တော့ ဖခင်ဖြစ်သူရဲ့လည်ပင်းကို တင်းကြပ်စွာဖက်ထားမိသွားတယ် ။ အဲ့ဒီအမျိုးသမီးက သူမကိုအနိုင်ကျင့်တယ် ။ သူမက စိတ်ရှုပ်စရာကောင်းတဲ့ကလေးတဲ့ ။ အဲ့တာကြောင့်ဖေဖေက သူမကိုမလိုချင်တာတဲ့ ။

" ဖေဖေ ''

" မကြောက်နဲ့တော့နော် ဒီလူတွေအားလုံးက လီလီကိုနာကျင်အောင် မလုပ်ရဲပါဘူး ။ တကယ်လို့သူတို့လုပ်ရဲရင် ဖေဖေကလည်း သူတို့ကို လီလီအစား လက်စားပြန်ချေပေးမယ် ''

ရှောင်ကျန့်က ကလေးမလေးရဲ့ပါးဖောင်းဖောင်းလေးကိုညစ်ကာ လီကျားရွယ်လို့အမည်ရတဲ့ ကလေးထိန်းအမျိုးသမီးအသစ်ကို တစ်ချက်ကြည့်လိုက်တယ် ။ ဇာတ်ကြောင်းအရဆိုရင် အဲ့ဒီအမျိုးသမီးက ချင်းလီလီကို စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်အောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ် ။ ငယ်ရွယ်တဲ့ချင်းလီလီက ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှပြန်မပြောပြရဲဘူး ။ သူမက သူမရဲ့ဖခင်ဖြစ်တဲ့ချင်းလီရွမ်ကို စိတ်ညစ်အောင်မလုပ်ရဲဘူး ။ အဲ့တာကြောင့်မို့တစ်ယောက်တည်းကြိတ်ကာ တောင့်ခံခဲ့တယ် ။

ချင်းလီရွမ်က အဖြစ်မှန်ကိုရှာတွေ့သွားတဲ့နောက်မှာတော့ ကလေးထိန်းအမျိုးသမီးရဲ့ဘဝကို ရစရာမရှိအောင် နင်းခြေဖျက်စီးခဲ့တယ် ။ တစ်စက်လေးတောင် မသက်ညှာပေးခဲ့ချေ ။ ချင်းလီရွမ်ရဲ့အပြုအမူတွေက အရမ်းထူးဆန်းတယ် ။ သူက သူရဲ့သမီးကိုဂရုမစိုက်ဘူးဆိုပေမဲ့ ပစ်ထားတာမျိုးတော့မဟုတ်ဘူး ။ ချင်းလီလီစီမှာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ အမြဲကာကွယ်ပေးလေ့ရှိတယ် ။ ဒါကြောင့်ပဲချင်းလီရွမ်က သေဆုံးသွားခဲ့ရတာ ။

The Story Of Phoenix KingWhere stories live. Discover now