''75''

4.1K 585 21
                                    

" သခင်လေး အိမ်တော်ကို အမြန်ပြန်လာခဲ့ပါတော့ ဥက္ကဋ္ဌချင်းက သခင်လေးလုပ်နေတဲ့ အရာအားလုံးကိုသိသွားပါပြီ ''

မူကျားယွမ်က သူ့ကို ဖုန်းဆက်လှမ်းအကြောင်းလာတဲ့ အိမ်တော်ထိန်းကြောင့် လုပ်နေတဲ့အလုပ်တွေကို ပစ်ထားကာ အိမ်တော်ကိုအမြန်ပြန်လာခဲ့တယ် ။ အန်ကယ်ချင်းက ဒီအကြောင်းတွေကို ဘယ်လိုလုပ်သိသွားခဲ့တာလဲ? ။ သူ သေချာဖုံးကွယ်ထားခဲ့တယ်လေ ။ ဒါကြောင့် အန်ကယ်ချင်းက သိသွားစရာအကြောင်းမရှိဘူး ။ မဟုတ်မှလွဲရော အိမ်တော်ထဲက တစ်စုံတစ်ယောက်က သူ့ကို သစ္စာဖောက်ပြီး သွားပြောပြလိုက်တာများလား? ။

မူကျားယွမ်က နဖူးကြောတွေ ထောင်တက်လာတဲ့အထိ ဒေါ်သထွက်လာတယ် ။  မဟုတ်ဘူး! အဲ့တာကမဖြစ်နိုင်ဘူး ။ သူတို့တွေက သူ့ကိုကြောက်ကြတာမို့ ဆန့်ကျင်မှာမဟုတ်ဘူး ။ အဲ့တာအ​​ပြင် အန်ကယ်ချင်းရဲ့ သစ္စာရှိလူယုံတွေကိုလည်း တစ်ယောက်မကျန် ဖယ်ရှားပစ်ပြီးသွားပြီ ။ ဒါကြောင့် အခုကိစ္စက အဲ့ဒီလူတွေနဲ့မဆိုင်ဘူး ။ ဒီတော့ တစ်ခြားတစ်ခုပဲရှိတော့တယ် ။ အပြင်မှာရှိနေတဲ့ တစ်စုံတစ်ယောက်က အန်ကယ်ချင်းကို တိတ်တဆိတ်ဆက်သွယ်ပြီး ပြောပြလိုက်တာပဲနေတယ် ။

" သခင်လေး ဥက္ကဋ္ဌချင်းက အလွန်ဒေါ်သထွက်နေပြီး အိမ်တော်ကနေ ထွက်သွားဖို့တောင်လုပ်နေပြီ ။ ကျွန်တော်တို့ ဘယ်လိုလုပ်.... ''

အိမ်တော်ထိန်းက ဆက်မပြောရဲဖြစ်နေတယ် ။ သူ့မှာ ဥက္ကဋ္ဌချင်းကို တားရဲတဲ့သတ္တိမရှိဘူး ။ ဒါပေမဲ့မတားလို့ကလည်း မဖြစ်ပြန် ။ မဟုတ်လို့ကတော့ သခင်လေးမူကျားယွမ်က သူတို့ကိုသတ်ပစ်လိမ့်မယ် ။ အိမ်တော်ထိန်းက ဝေခွဲမရဖြစ်နေတယ် ။ အဲ့တာကြောင့် သခင်လေးမူကျားယွမ်ကို ဘာလုပ်ရမလဲဆိုတာကိုသာ မေးလိုက်တော့တယ် ။

" ငါခဏနေရောက်လာခဲ့မယ် ။ အဲ့တာ​ကြောင့် သူ့ကို ဘယ်မှမထွက်သွားအောင် သေချာထိန်းထား ။ လိုအပ်လာလို့ရှိရင် အင်အားသုံးပြီး ဖမ်းထားလိုက် ''

" ကျွန်တော် နားလည်ပါပြီ ''

အိမ်တော်ထိန်းက မူကျားယွမ်ရဲ့အမိန့်ကို လက်ခံရရှိပြီးသွားတဲ့နောက်မှာတော့ အစောင့်တွေကို မျက်စပစ်ပြလိုက်တယ် ။ အစောင့်တွေကလည်း အိမ်တော်ထိန်းရဲ့အချက်ပြမှုကို နားလည်နေတဲ့အလား ချင်းလီရွမ်ရဲ့အနားကို တိတ်တစိတ်ချည်းကပ်လာကြတယ် ။ ချင်းလီရွမ်က အလွန်ဒေါ်သထွက်နေတာမို့ သူ့အနားကိုကပ်လာတဲ့ အစောင့်တွေကို လျစ်လျူရှုမိသလိုဖြစ်သွားတယ် ။

The Story Of Phoenix KingWhere stories live. Discover now