ရှောင်ကျန့်က သူ့ဘေးမှာတရှုံ့ရှုံ့ငိုနေတဲ့ ဝမ်ရီပေါ်ကို ဘယ်လိုချော့ရမလဲပင်မသိတော့ ။ သူတကယ်သေသွားတာလည်းမဟုတ်ပဲ ဘာလို့သည်းကြီးမည်းကြီးငိုနေရတာလဲ ။ အော်ငေါက်ပြီးဆူပစ်လိုက်ချင်ပေမဲ့ သနားစရာပုံစံလေးကြောင့် မဆူရက်ပြန် ။ သူ ဒီကောင်လေးကို တဖြည်းဖြည်းနဲ့အလိုလိုက်မိနေပါလား ။ အဲ့ဒီအချိန်မှာပဲ သူ့စိတ်တွေထဲဝင်ရောက်လာတဲ့ သူချစ်ရတဲ့ သူရဲ့ဝမ်ရီပေါ်အကြောင်းတွေ ။
ဝမ်ရီပေါ်လည်း တစ်ခါတုန်းက ဒီလိုငိုခဲ့ဖူးတာပဲ ။ သူဒဏ်ရာရလာတဲ့အချိန်တုန်းက ဖြစ်လောက်မယ်ထင်တယ် ။ အဲ့ဒီတုန်းက သူ့မှာမတရားတွေပျော်ရွှင်ခဲ့ရတာ ။ သူ့ကို ဒီလောက်တောင်ချစ်ပါလားဆိုပြီတော့ပေါ့ ။ အဟက်! တကယ်တော့အဲ့ဒီအရာတွေအားလုံးက သူ့မျိုးနွယ်စုကိုဖျက်စီးပစ်ဖို့ တမင်ဟန်ဆောင်ပြခဲ့တဲ့အရာတွေပဲ ။ သူချစ်ရတဲ့ဝမ်ရီပေါ်က သူ့ကို တစ်ခါမှမချစ်ခဲ့ပါဘူး ။
အောင့်ကနည်းနာကျင်သွားတဲ့ နှလုံးသားကြောင့် ရှောင်ကျန့်က နှုတ်ခမ်းတွေကိုဖိကိုက်မိသွားတယ် ။ သူ့နှလုံးသားထဲက အဲ့ဒီဝမ်ရီပေါ်ဆိုတဲ့လူကို ဘယ်လိုထုတ်ပစ်မှရမှာလဲ ။ ဒီလောက်အထိကြိုးစားထားတာတောင်မှ သူက အဲ့ဒီလူကိုမေ့ပျောက်လို့မရသေးဘူး ။ သူ့ဘေးမှာလည်း အဲ့ဒီလူနဲ့တူတဲ့လူကိုရရှိထားတာတောင်မှ သူက သတိရနေတုန်းပဲ ။
" ရှောင်ကျန့် ''
ရှောင်ကျန့်ဆိုပြီး သူ့ရဲ့နာမည်ကိုရေရွတ်ပြီး သူရဲ့ခါးတွေကို တင်းကြပ်စွာဖက်လာတဲ့ ဝမ်ရီပေါ် ။
" နောက်တစ်ခါအဲ့ဒီလိုမလုပ်ပါနဲ့လားဟင် ။ ကျွန်တော်မခံစားနိုင်ဘူး ။ ''
"..........''
" ကျွန်တော်တောင် ဒီလောက်နာကျင်နေတာ ။ ဟိုလီကျားရီဆိုရင် ဘယ်လောက်တောင်သွေးပျက်နေမလဲ ။ ကျွန်တော်ကမှ ခင်များတကယ်သေမသွားတာသိထားသေးတယ် ။ သူက... သူကတော့.. ''
" ကိုယ်မသိဘူး ''
" ရှောင်ကျန့် ကျွန်တော်တောင်းပန်ပါတယ် ။ နောက်ကမ္ဘာတွေကျရင် အဲ့ဒီလိုထပ်မလုပ်ပါနဲ့တော့နော် ။ ''
YOU ARE READING
The Story Of Phoenix King
FanfictionStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]