" ရှန်းကျားလျန် ခင်များအရမ်းလွန်နေပြီနော် ။ ကျုပ်ဆက်ပြီးသည်းမခံနိုင်တော့ဘူး ။ ကျုပ်က လီချန်းလျုံလို့ ! လီချန်းလျုံပါဆိုမှ !! "
လီချန်းလျုံက တစ်ခြားယောကျာ်းတစ်ယောက်ရဲ့နာမည်ကို ရေရွတ်နေတဲ့ရှန်ကျားလျန်ကို ဘယ်လိုမှသည်းမခံနိုင်တော့ပေ ။ ရှန်းကျားလျန်ရဲ့အဝတ်တွေကို တစ်စစီဖြစ်သွားအောင် ဆုတ်ဖြဲလိုက်ပြီး လည်ပင်းသားတွေကို သွေးထွက်လာတဲ့အထိ ဖိကိုက်ပစ်လိုက်တယ် ။ သူ ဒီလူကို တစ်စစီဖြစ်သွားအောင်ဖျက်စီးချင်နေပြီ ။ ဘယ်သူမှမလိုတော့တဲ့အထိဖျက်စီးပြီး သူရဲ့အနားမှာပိတ်လှောင်ထားချင်တယ် ။
" အာ့! ရီ...နာတယ် အဟင့်! ရီပေါ် ကိုယ်အရမ်းနာနေပြီလို့ ''
" တောက်! ဒီလောက်ပြောနေတာတောင်မှ အဲ့ဒီအကောင်ရဲ့နာမည်ကို ထွက်ရဲသေးတယ်ပေါ့ ။ ရှန်းကျားလျန် ခင်များက တော်တော်ကိုသတ္တိကောင်းနေတာပဲ ''
လီချန်းလျုံရဲ့မျက်နှာက ကြောက်ဖို့ကောင်းလောက်အောင် မည်းမှောင်နေတယ် ။ ငရဲကနေတက်လာတဲ့ နတ်ဆိုးတစ်ကောင်လို ရှန်းကျားလျန်ကို စူးစူးရဲရဲစိုက်ကြည့်နေတယ် ။
" ခင်များကို အဲ့ဒီအကောင်အကြောင်းတွေ မေ့သွားအောင်လုပ်ပေးမယ် ။ ခင်များရဲ့ခေါင်းထဲမှာရော စိတ်ထဲမှာရော လီချန်းလျုံဆိုတဲ့ ကျုပ်တစ်ယောက်တည်းပဲရှိရမယ် ။ ''
လီချန်းလျုံက ရှန်းကျားလျန်ရဲ့ပါးရိုးတွေကိုညစ်ကာ အံကြိတ်ပြီးဆိုလာတယ် ။ ရှောင်ကျန့်ကနာကျင်မှုကြောင့် ငိုကြွေးနေရတယ် ။ လီချန်းလျုံက သဘောကျစွာပြုံးလိုက်ပြီး ရှန်းကျားလျန်ရဲ့မျက်နှာပေါ်က မျက်ရည်တွေကိုလျှာနဲ့လျက်ကာ နှုတ်ခမ်းသားအိအိလေးကို ကိုက်ဆွဲပစ်လိုက်တယ် ။
" အဟက်! ခင်များက ဒီလိုပုံစံနဲ့တကယ်လိုက်တယ် ။ အမြဲတမ်းဒီလိုပုံစံဖြစ်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ? "
ရှန်းကျားလျန်ရဲ့လက်ရှိပုံစံလေးက ရင်သက်ရှုမောဖွယ်ကောင်းလောက်အောင်ကိုပင် အလွန်လှပနေတယ် ။ ကျောက်စိမ်းလိုလှပတဲ့ခန္ဓာကိုယ်လေးက အခုလက်ရှိမှာတော့ အနီရောင်အချစ်မှတ်တွေနဲ့ပြည့်နှက်နေတယ် ။ နှုတ်ခမ်းလေးက သွေးစို့ကာဖူးယောင်နေပြီး မျက်ဝန်းလေးတွေမှာလည်း မျက်ရည်တွေစီးကျနေတယ် ။ လီချန်းလျုံက အသက်ပြင်းပြင်းရှူထုတ်မိတယ် ။
ВЫ ЧИТАЕТЕ
The Story Of Phoenix King
ФанфикStart Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]