Blue whisper (Yu Jiao Ji)
အပိုင်း (၂) မိစ္ဆာတောင်ကြားကျောင်းရန်ဆိုတာက အမပုံစံလေ၊ နောက်ပြီး အမြဲအမပဲဖြစ်လေ့ရှိတာ။ အထီးဆိုတာမျိုးက တစ်ကောင်တစ်လေတောင်မှ ရှာတွေ့ဖို့ရာမဖြစ်နိုင်လောက်အောင် အရမ်းကိုရှားပါးလွန်းတယ်။ တကယ်လို့များ ရှာတွေ့ခဲ့ရင်တောင်မှ သူတို့ရဲ့မိစ္ဆာစွမ်းအားက အရမ်းကိုကောင်းမွန်လွန်းတာမို့ မိစ္ဆာတောင်ကြားဆီ ပို့ဆောင်ဖို့မပြောနဲ့ ဖမ်းဆီးဖို့ဆိုတာကိုက အသေကိုခက်ခဲလွန်းလှ၏။
ဒီတစ်ခေါက်တော့ မင်းသမီးဆွန်းသဲတစ်ယောက် အတော်လေးအားထုတ်ထားရတာပဲလို့ ကျီယွင်ဟယ် တွေးမိလိုက်တယ်။ ထို့နောက် ချက်ချင်းပဲ သူ့ရဲ့အမြီးရှည်ကြီးမြှောက်တက်လာတာကို သူမ တွေ့လိုက်ရတယ်။ ဒီတစ်ခေါက်တော့ သူ့ရဲ့တိုက်ခိုက်မှုကို လူတိုင်းက အတိုင်းသားမြင်နေရပြီ။ ကျီယွင်ဟယ် မြေပြင်ပေါ်မှာပဲ လဲပြီးရှောင်ရှားမနေနိုင်တော့တာနဲ့ သူမရဲ့ရှေ့မှာကာကွယ်တားဆီးထားဖို့ အကာကွယ်တံတိုင်းမန္တန်တစ်ခု ပြုလုပ်လိုက်တယ်။
သူမရဲ့အကာကွယ်တံတိုင်းကိုလာရိုက်ခတ်တဲ့ အားပြင်းလှသောလေပွေရဲ့စွမ်းအားကို ကျီယွင်ဟယ် ခံစားမိနေ၏၊ ထိုရိုက်ခတ်မှုမှ ကျယ်လောင်တဲ့အသံကြီးတွေ ထွက်ပေါ်လို့လာတယ်။ ချွီးရှောင်ရှင်းတစ်ယောက် နားတွေကိုလက်နဲ့အုပ်လျက် မြေပြင်ပေါ်မှာလဲလျောင်းကာ ကြောက်လန့်တကြား ထပ်ခါတလဲလဲ အော်ဟစ်နေမိ၏။
ခြေလှမ်းအနည်းငယ်အကွာမှာ မိစ္ဆာစွမ်းအားရဲ့ရိုက်ခတ်မှုကို မခံနိုင်တဲ့အားနည်းလှသောမိစ္ဆာဆရာတွေ သွေးတွေအန်ထွက်ကျလျက် သတိလစ်မေ့မြောနေပြီ။ အကျဉ်းထောင်တစ်ခုလုံးဟာလည်း ဖရိုဖရဲကိုဖြစ်လို့သွားတယ်။
ကျီယွင်ဟယ် အံ့အားသင့်စွာနဲ့ ဘေးပတ်လည်ကိုဝှေ့ကာကြည့်လိုက်တယ်။
သူမ အရင်က ကျောင်းရန်အထီးကို တစ်ခါမှမမြင်ဖူးသော်လည်း ပုံမှန်အားဖြင့် သူတို့အသုံးပြုလေ့ရှိတဲ့ မိစ္ဆာစွမ်းအင်အမျိုးအစားကို သိထားပြီးသားပါ။ ဒီနေ့ဒီမှာရောက်ရှိနေတဲ့အကောင်ရဲ့စွမ်းအားက သူမ မြင်တွေ့ဖူးသမျှအရာတွေထက်ကို ပိုပြီးသာလွန်လွန်းနေ၏။
![](https://img.wattpad.com/cover/272938355-288-k236981.jpg)
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasiaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...