အပိုင်း (၄၅) အနစ်နာခံ ကာကွယ်ပေးမှု

642 61 0
                                        

အပိုင်း (၄၅) အနစ်နာခံ ကာကွယ်ပေးမှု

ကျိုးတိုးကျဲတဲတိမ်စိုင်တွေကြားမှ လရောင်ခြည်လေး ဖြာထွက်နေပြီး အေးစက်တဲ့ငွေရောင်အလင်းတန်းဟာ နယ်မြေတစ်ခွင် ဖြန့်ကြက်နေတော့သည်။

တိတ်ဆိတ်တဲ့ညအချိန်... လိမ့်တက်နေတဲ့တောင်ကုန်းမြေပြင်ကျယ်ကြီးအလယ်မှာ တောအုပ်ငယ်လေးတစ်ခုဟာ ချောက်ချားလို့နေ၏။

နောင်ဘဝသို့အခေါ်တော်လွှတ်နေသလိုမျိုး ညဉ့်ကျီးအာသံလေး ပဲ့တင်ထပ်လို့လာသည်။ ငွေရောင်ဆံနွယ်နဲ့ အမျိုးသားဟာ ပြင်းထန်တဲ့အရှိန်နှုန်းနဲ့ လရောင်ထွန်းလင်းနေတဲ့သစ်ပင်ကြီးတွေကြား ကျရောက်သွားပြီး သူ့ရဲ့လက်ကို ပုခုံးပေါ်မှာ ဖိဆုပ်ထားသည်။ လိုက်လံဖမ်းဆီးတဲ့အသံတွေ သူ့ရဲ့နောက်သို့ လိုက်ပါသွားသည်။

ချန်ယီ ခေါင်းကိုလှည့်ပြီး သူ့ကိုလိုက်ဖမ်းတဲ့စစ်သည်တွေကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ကျီယွင်ဟယ်ကလည်း သူတို့ရဲ့ကြားထဲမှာ ရှိနေခဲ့သည်။

စိတ်လှုပ်ရှားခံစားနေဖို့အချိန်မရှိဘူး၊ သူ အံကိုကြိတ်ပြီး ဆက်ပြေးနေလိုက်တယ်။ ဘေးပတ်လည်ကသစ်ပင်တွေ ကျိုးတိုးကျဲတဲဖြစ်သွားပြီး သူ့ရဲ့ရှေ့မှောက်မှာ ဟင်းလင်းပြင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သူ ရှေ့သို့ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် သူ့ရဲ့မျက်နှာပြင်ပေါ် လေပြင်းတစ်ချက် တိုက်ခတ်လာတော့ ရုတ်ချည်းရပ်တန့်လိုက်တယ်။

ချောက်ကမ်းပါးတစ်ခု။ သူ ဆက်ပြေးစရာမြေမရှိတော့ဘူး။

ချန်ယီ နောက်ပြန်လှည့်လိုက်တယ်။ အသေအချာလေ့ကျင့်ထားတဲ့စစ်သည်တွေဟာ စက်ဝိုင်းခြမ်းသဏ္ဍာန် ဝိုင်းခြံရံပြီး သူ့ကို လျင်မြန်စွာပိတ်ဆို့ထားလေသည်။

သူတို့က လမ်းကိုမြဲမြံစွာ ပိတ်ဆို့ထားပြီး တစ်စက်လေးတောင် မရွှေ့ကြတော့ဘူး။ ကျီယွင်ဟယ်တစ်ယောက်ကတော့ လက်ထဲမှာဓါးတစ်ချောင်းနဲ့ သူ့ဆီ တစ်လှမ်းချင်းလှမ်းသွားလိုက်တယ်။

ချန်ယီတစ်ယောက် သူ့ရဲ့နောက်ကချောက်ကမ်းပါးကို လှမ်းကြည့်လိုက်တယ်၊ ထို့နောက် သူမဆီသို့ ပြန်လှည့်ကြည့်လိုက်တယ်။ ကျီယွင်ဟယ်က အရင်လိုနူးညံ့သိမ်မွေ့မနေတော့ဘူး။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now