အပိုင်း (၁၀၈) အမြဲအတူတူ

553 44 0
                                        

အပိုင်း (၁၀၈) အမြဲအတူတူ

လင်းဟောက်ချင်း အခန်းထဲသို့တောင် မဝင်နိုင်သေးခင် ချောင်းတွေဆိုးလာတာကို သူမတို့ ကြားနေမိ၏။

"ဆွန်းသဲက သူ့ရဲ့အကိုကိုသတ်ပြီး နန်းတက်သွားပြီ" လင်းဟောက်ချင်း အဆက်မပြတ် ချောင်းဆိုးနေဆဲဖြစ်သည်။ "သူမ ရူးသွားပြီ၊ သူမ တားမြစ်အတတ်ကိုအသုံးပြုပြီး ဆရာတော်ကြီးအိမ်တော်ကတပည့်ပေါင်းများစွာရဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေကို စုပ်ယူပစ်တယ်၊ အခု ရုံးတော်မှာ တစ်ကိုယ်တော်ပြပွဲဖြစ်သွားပြီ၊ သိပ်မကြာခင် မရေမတွက်နိုင်အောင်များပြားတဲ့ဒုက္ခသည်တွေ မြောက်ပိုင်းဆီထွက်ပြေးလာကြလိမ့်မယ်၊ ဒါကြောင့် ပြင်ဆင်ထားတော့"

ခုန်းမင် မယုံမကြည်နိုင်ဖြစ်သွား၏။ "မဖြစ်နိုင်ဘူး၊ ငါတို့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာလို့သတင်းတစ်ခုမှ မရရသေးတာလဲ?"

"စစ်ယွီက ငါ့ရဲ့မိစ္ဆာအစေခံ၊ သူမရဲ့ခန္ဓာကိုယ်အစစ်အမှန်က ငါနဲ့အတူရှိနေတာ" လင်းဟောက်ချင်း နံဘေးကဓါးကိုပွတ်ပြီး ဆက်ပြောလိုက်သည်၊ "သူမက ငါ့ကိုချက်ချင်းဆက်သွယ်နိုင်တယ်၊ ဒီအကြောင်းအရာတွေက မြို့တော်ထဲမှာ ခုလေးတင်ဖြစ်ပျက်သွားတာမို့ မင်းရဲ့စာပို့သမားတွေ လမ်းမှာပဲရှိကြသေးတာ ဖြစ်လောက်တယ်"

ကျီယွင်ဟယ် မျက်မှောင်ကြုတ်သွား၏၊ "မင်းသမီးဆွန်းသဲမှာ ကျောက်စိမ်းဖီးနစ်ဌက်ကြီးရဲ့စွမ်းအားရော ဆရာတော်ကြီးရဲ့စွမ်းအားပါရှိတယ်၊ ဘယ်သူမှ သူမကိုနိုင်အောင်မချနိုင်မှာ စိုးရိမ်မိတယ်"

လင်းဟောက်ချင်း ချောင်းတွေထပ်ဆိုးလာခဲ့သည်။ "ဒါက ငါ့အမှားပါ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

"ဒါကို ဘယ်သူမှ မျှော်လင့်မထားဘူး" ကျီယွင်ဟယ် လင်းဟောက်ချင်းကိုပြောပြလိုက်သည်။ "ကိုယ့်ကိုကိုယ်အပြစ်တင်နေလည်း အသုံးမဝင်ဘူး၊ သူမ ရှုံးနိမ့်သွားစေမယ့်နည်းလမ်းတစ်ခု ကျွန်မတို့ရှာကြရအောင်၊ လူသားတွေကိုမိစ္ဆာဖြစ်အောင်သန့်စင်တဲ့ဆေးလုံးကို ရှင် သူမကိုပေးလိုက်တာဆိုတော့ ကျွန်မတို့ ဘာတွေဆက်လုပ်နိုင်သေးလဲ?"

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now