အပိုင်း (၁၀၀) ကျီစားမှု

592 50 0
                                        

အပိုင်း (၁၀၀) ကျီစားမှု

အနီရောင်ခန်းဆီးလိုက်ကာတွေဖုံးအုပ်ထားတဲ့အတွင်းခန်းအတွင်း၌ ဆွန်းသဲတစ်ယောက် မှန်တစ်ချပ်ရှေ့မှာ မျက်နှာလွှဲပြီး ထိုင်နေ၏။

တစ်စုံတစ်ယောက် ဖြည်းညှင်းစွာချဉ်းကပ်လာတော့ သူမ၏မျက်နှာအမူအယာဟာ ဖြူဖျော့သွားခဲ့သည်။

ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အခန်းထဲကို တစ်ဦးတည်းသာ ဝင်ရောက်နိုင်တယ်။

ဆရာတော်ကြီး ဆွန်းသဲရဲ့နောက်မှာ ရပ်တန့်သွားသည်။ သူမ မှန်ထောင့်လေးကို ညင်သာစွာပွတ်ပြီး သူ့ကို လှည့်မကြည့်ခဲ့ဘူး။

“ရော့လင် ဆေးသောက်”

အနက်ရောင်ဆေးရည်ပန်းကန်လုံးကို ဆရာတော်ကြီး သူမရဲ့နံဘေးကစားပွဲပေါ် ချလိုက်သည်။

သူကိုယ်သူ လုပ်ဆောင်တာရှားပါးလွန်း၏၊ သို့သော် သူမရဲ့ဆေးနဲ့ပတ်သက်လာရင်၊ ဆေးကျိုတာကစလို့ သူမကိုတိုက်တဲ့အထိ… လုပ်ငန်းစဉ်တစ်ခုလုံးကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့တာ။

ဆွန်းသဲ ပန်းကန်လုံးကိုလှမ်းကြည့်လိုက်တယ်။ “ကျွန်မ နောက်မှသောက်လိုက်မယ်”

“အခုချိန်သောက်မှ အထိရောက်ဆုံးဖြစ်မှာ”

“ကျွန်မ မသောက်ချင်ဘူး”

ဆရာတော်ကြီးဟာ ပန်းကန်လုံးကို လက်တစ်ဖက်ဖြင့် ကောက်ယူပြီး သူမ၏မေးရိုးကို တစ်ခြားလက်တစ်ဖက်ဖြင့် ဆွဲဖွင့်လေသည်။ စကားတစ်ခွန်းမှမပြောဘဲ သူမရဲ့လည်မျိုထဲသို့ ဆေးတွေ လောင်းချတော့သည်။

ဆွန်းသဲ အံကိုကြိတ်ပြီး ခက်ခက်ခဲခဲရုန်းကန်လိုက်တယ်၊ နောက်ဆုံးတော့ သူ့ရဲ့လက်မှ လွတ်မြောက်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ်ယိုင်ကျသွားခဲ့သည်။ သူမ သူ့ကိုဒေါသထွက်ထွက်ဖြင့် စူးစိုက်ကြည့်လိုက်တယ်။ “ကျွန်မ မသောက်ချင်ဘူး! ကျွန်မ မသောက်ဘူး! မသောက်ဘူး!”

ဆရာတော်ကြီး၏မျက်နှာဟာ အေးစက်လာခဲ့သည်။

သူ့ရဲ့မျက်နှာအမူအယာဟာ ကြောက်မက်ဖွယ်ကောင်းလာပေမဲ့ ဆွန်းသဲတစ်ယောက် ဒေါသနဲ့အမျက်ကိုသာ ခံစားခဲ့ရသည်။ သူ့ရဲ့လက်လေးလှုပ်ရှားသွားပြီး မမြင်နိုင်တဲ့စွမ်းအားတစ်ခုက သူမ၏လည်မျိုကို ဖမ်းဆုပ်ကာ သူမကို စားပွဲပေါ်ပြုတ်ကျသွားစေခဲ့သည်။ သူမ ရုန်းကန်လို့မရတော့ဘူး။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now