အပိုင်း (၁၁) ချင်းကျီ

809 90 0
                                        

အပိုင်း (၁၁) ချင်းကျီ

ရွှယ်ရှင်ကျွင်းအပါအဝင် အားလုံးအံ့အားသင့်မှင်သက်နေကြ၏။

ဘယ်သူကများတွေးမိမှာလဲ? မိစ္ဆာဆရာရဲ့အစေခံတစ်ယောက်ဖြစ်တဲ့ ဒီကြောင်မိစ္ဆာလီဆူးဟာ ကျောက်စိမ်းဖီးနစ်ဌက်ကြီးကို ပြန်လည်ရှင်သန်လာအောင် တကယ်ပဲ လုပ်ရဲလိမ့်မယ်လို့ပေါ့!

“ရွှယ်ရှင်ကျွင်း! မင်း ဘာကိုစောင့်နေသေးတာလဲ?” လင်းဟောက်ချင်းတစ်ယောက် ဓါးပျံကိုစီးနင်းပြီး လေပြင်းထဲမှာ သူ့ကိုယ်သူတည်ငြိမ်နေအောင်အတွက် အကာကွယ်တံတိုင်းတစ်ခုကိုဖန်တီးရင်း လေထဲမှာ ရပ်နေခဲ့တယ်။ သူ့ရဲ့အသံထဲသို့ စွမ်းအားလောင်းထည့်လိုက်တော့ သူ့ရဲ့စကားလုံးတွေက ကျယ်လောင်စွာမြည်ဟီးနေတဲ့လေပြင်းတွေကို ဖောက်ထွက်ကာ လူတိုင်း၏နားရွက်ဖျားသို့ ရောက်ရှိလာတယ်။ “မင်းရဲ့အစေခံကိုတားထားစမ်း!”

လီဆူးနဲ့ ရွှယ်ရှင်ကျွင်းတို့ကြားမှာ အစေခံစာချုပ်ရှိနေတာမို့ သူမရဲ့အမိန့်တွေကိုဖီဆန်ဖို့ သူ့မှာနည်းလမ်းမရှိဘူး။ သူမက သူ့ကိုယ်သူသတ်သေဖို့ အမိန့်ပေးလိုက်ရင်တောင်မှ သူ အဲ့လိုလုပ်လိုက်ဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ ရှိမှာမဟုတ်ဘူး။

သို့သော် ရွှယ်ရှင်ကျွင်း တစ်စက်မှလှုပ်ရှားမလာဘူး။

ကျီယွင်ဟယ်လည်း သူမကိုယ်သူမနဲ့ချွီးရှောင်ရှင်းကိုကာကွယ်ရင်း လေပြင်းထဲမှာ အကာကွယ်တံတိုင်းကို ဖန်တီးထားရတယ်။

ချွီးရှောင်ရှင်းတစ်ယောက် စိုးရိမ်ပူပန်စွာနှင့် သူ့ခေါင်းကိုသူ ကုတ်ခြစ်လေ၏။ “ရှင်ကျွင်းမမ! တစ်ခြားဟာတွေအားလုံး အဆင်ပြေပေမဲ့ ဒီဟာကတော့ မိစ္ဆာဌက်ကြီးကို ကမ္ဘာထဲပြန်လွှတ်ပေးတာနော်! ဌက်ကြီးထွက်လာတာနဲ့တပြိုင်နက် ရက်ရက်စက်စက်လက်စားပြန်ချေတော့မှာ! ရှင်ကျွင်းမမက ကြောင်မိစ္ဆာကို အဲ့လိုလုပ်ခိုင်းနိုင်မှာလား?”

ကျီယွင်ဟယ် ရွှယ်ရှင်ကျွင်းကို တိတ်တိတ်လေးလှမ်းကြည့်လိုက်တယ်။ တစ်ခြားသူတွေ သူမကို နားမလည်လောက်ပေမဲ့ ကျီယွင်ဟယ်ကတော့ နားလည်လို့နေ၏။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now