အပိုင်း (၈၁) တစ်ကိုယ်တည်း

431 49 0
                                    

အပိုင်း (၈၁) တစ်ကိုယ်တည်း

လတစ်ဝက်လောက် ထပ်ကြာသွားပြန်၏။

ခြံဝင်းထဲကဇီးပွင့်တွေအများစုတောင် ကြွေကျလာခဲ့ပြီး အဖူးငုံအသစ်လေးတွေက အစားထိုးနေရာယူနေခဲ့ပြီ။ နောက်ဆုံးတော့ အားကျီတစ်ယောက် ရူးရူးမူးမူးစားသောက်ပြီး ကြီးထွားမှုကိုရပ်တန့်ကာ ယခုချိန်မှာ ရုပ်ပြောင်းရုပ်လွှဲအတတ်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်နေပြီ။

မမျှော်လင့်စွာနဲ့ သူမ လင်းဟောက်ချင်းရှေ့မှာ ယောက်ျားခန္ဓာကိုယ်ဖြင့် ရပ်လိုက်တဲ့အချိန်မှာပဲ သူ သူမကိုပြောလာခဲ့တယ်၊ “ကောင်းပြီ၊ အခု မင်းထွက်သွားဖို့အချိန်ကျပြီ”

စစ်ယွီတစ်ယောက် နောက်သို့လျင်မြန်စွာ ပြန်လှည့်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ပစ္စည်းတစ်ချို့ကို ကောက်ထည့်လေသည်၊ ထို့နောက် အားကျီကို အိတ်တစ်အိတ်လှမ်းပေးလိုက်တယ်။ “အားကျီ အခု မင်း တောင်ပိုင်းဆီခရီးထွက်ဖို့ အချိန်ကျပြီ”

အားကျီ အိတ်ကိုကြည့်ပြီးနောက် သူတို့နှစ်ဦးကို မော့ကာကြည့်၏၊ ထို့နောက် သူမရဲ့နဂိုပုံစံကို ပြန်လည်ပြောင်းလဲပစ်လိုက်တယ်။ လင်းဟောက်ချင်း မျက်မှောင်ကြုတ်သွားတာမို့ သူမ ချက်ချင်းပဲ ယောက်ျားလေးခန္ဓာကိုယ်အဖြစ် ပြန်လည်ပြောင်းပစ်လိုက်သည်။ “ဆရာ၊ ဆရာတို့က သမီးနဲ့အတူလိုက်မှာ မဟုတ်ဘူးလား?”

“ငါ့မှာ မပြီးမြောက်သေးတဲ့ကိစ္စတွေရှိနေသေးတယ်၊ အခုချိန်ကစပြီး မင်းဘာသာမင်းပဲ ဆက်လျှောက်ရမယ်” လင်းဟောက်ချင်းတစ်ယောက် အားကျီရဲ့ငူငိုင်နေတဲ့မျက်နှာကိုကြည့်ပြီး ဆက်ကာပြောလိုက်သည်၊ “ငါ မင်းကိုပြောထားတာတွေကို အမှတ်ရပါ၊ မြောက်ပိုင်းကိုမသွားရဘူး၊ တော်ဝင်မြို့တော်ဆီမသွားရဘူး၊ မျက်နှာအစစ်အမှန်ကိုမပြရဘူး၊ စိတ်ဝိဉာဉ်စွမ်းအားကို မပြရဘူး”

အားကျီ ခေါင်းညိမ့်ပြလိုက်၏။ “သမီး အားလုံးကိုမှတ်မိပါတယ်၊ ဒါပေမဲ့ ဆရာ… ဆရာက ဘာလို့ သမီးနဲ့အတူ သွားလို့မရတာလဲ?”

“အားကျီ နေကောင်းအောင်နေ” စစ်ယွီတစ်ယောက် သူမရဲ့ဦးခေါင်းကို ညင်သာစွာပွတ်ပေးလာလေသည်။ “ငါတို့ မင်းတစ်ယောက်တည်းကို ချန်ခဲ့ဖို့လုပ်နေတာမဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့က မင်းမသွားနိုင်တဲ့နေရာကို သွားရတော့မှာ”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now