အပိုင်း (၄၆) အမြီး၉ချောင်းမြေခွေး

519 64 4
                                    

အပိုင်း (၄၆) အမြီး၉ချောင်းမြေခွေး

ကျီယွင်ဟယ် တောင်ကမ်းပါးထိပ်မှာရပ်လို့နေ၏။ သူမရဲ့ခြေဖဝါးအောက်ကမြေပြင်ပေါ်မှာ သွေးတွေအိုင်ထွန်းလို့နေပြီ၊ သူမရဲ့သွေးတွေရောပဲ။ သူမရဲ့ဘယ်ဖက်လက်ကနေ သွေးတွေစီးကျလို့နေပြီး လက်ချောင်းလေးတွေတုန်ခါ၍ အကြောဆွဲသလိုဖြစ်သွား၏။ သို့သော် ထိုအချက်မှလွဲ၍ သူမရဲ့မျက်လုံးတစ်စုံဟာ ကောင်းကင်ပေါ်ကလမင်းကြီးထက်တောင် ပို၍တောက်ပလို့နေသည်။

သူမရဲ့နောက်က ချောက်နက်ကြီး၏အမှောင်ထုအောက်ဘက်ကနေ စိုထိုင်းပြီးမြူခိုးဝေတဲ့လေလှိုင်းလေးတစ်ခု ပင့်တက်လို့လာ၏။ ထိုအခြင်းအရာက သူမကို စိတ်အေးသွားစေခဲ့သည်။

ချောက်နက်ရဲ့အောက်ခြေမှာမြစ်တစ်စင်းရှိတယ်။

ကျောင်းရန်ရဲ့အကြမ်းတမ်းခံနိုင်မှုနဲ့ အနာကျက်မြန်တဲ့စွမ်းရည်ကို ကျီယွင်ဟယ် ကောင်းကောင်းကြီးသိ၏။ သူမ သူ့ကိုမသတ်ဘဲ ထိခိုက်အောင်ပဲလုပ်ခဲ့တယ်။ ချန်ယီ မြစ်ထဲပြုတ်ကျသွားပြီး ရေစီးနှင့်အတူ မျောလွင့်ပါသွားတာက အဖြစ်နိုင်ဆုံးနဲ့အကောင်းဆုံးရလဒ်ပဲ။ သို့သော် စိတ်ချရတဲ့အခြေအနေဖြစ်ဖို့အတွက်နဲ့ သူထွက်ပြေးလွတ်မြောက်ဖို့ရာကူညီပေးဖို့အတွက် သူမ အတတ်နိုင်ဆုံး အချိန်ဆွဲပေးထားရမယ်။

တစ်စက္ကန့်လေးမျှဆိုရင်တောင်မှ ဘာမှမလုပ်တာထက်တော့ပိုကောင်းနိုင်ဦးမယ်။

ရူးသွပ်သွားဟန်တူသည့်ကျီယွင်ဟယ်ကို ကျီချန်ယွီလှမ်းကြည့်ပြီး ဓါးနဲ့အချက်ပြလိုက်တယ်။ “ကျီယွင်ဟယ်၊ မင်းက မိစ္ဆာတောင်ကြားရဲ့ကြီးကြပ်ရေးမှုးလေ၊ မင်း ဘာတွေလုပ်နေမိလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရဲ့လား?”

“ဒီထက်ပိုပြီး မရှင်းနိုင်တော့ဘူး”

သူမ တည်ငြိမ်စွာဖြေဆိုလိုက်တယ်။ ကျီချန်ယွီတစ်ယောက် ဓါးထဲသို့ သူ့့ရဲ့ဝိဉာဉ်စွမ်းအား လွှဲပြောင်းပို့လိုက်တယ်။ “ဒါဆိုရင်၊ ငါဒီလိုလုပ်ရတဲ့အတွက် မင်း ငါ့ကိုအပြစ်မတင်နဲ့တော့”

ကျီယွင်ဟယ် အဖြူရောင်ဝတ်စုံနဲ့လူကြီးလူကောင်းကို လှမ်းကြည့်လိုက်သည်။ သူမ မနေနိုင်တော့ဘဲ ထေ့ထေ့ငေါ့ငေါ့ ရယ်မောလိုက်၏။ “ကျွန်မတို့အားလုံးက ပုန်းကွယ်သွေးကြောကြောင့် ဒုက္ခရောက်နေရတဲ့သူတွေချည်းပဲ၊ ဘာကြောင့်များ…”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now