အပိုင်း(၅၁) မျှော်လင့်ချက်နဲ့ စိတ်ပျက်မှု
ဆရာတော်ကြီးဟာ သူ့ရဲ့အင်္ကျီလက်စနဲ့ ကြမ်းပြင်ပေါ်ကသွေးနက်တစ်ချို့ကိုသုတ်ပြီး အင်္ကျီလက်စကိုကိုင်ကာ သူ့ရဲ့မျက်စိအောက်တည့်တည့်မှာ လေ့လာကြည့်ရှုလေသည်။
“သွေးနက်၊ အနက်ရောင်ကိုယ်ယောင်ကိုယ်ဝါ၊ တောက်ပတဲ့မျက်ဝန်းနီတွေ” သူ ဆောင့်ကြောင့်ထိုင်ပြီး ကျီယွင်ဟယ့်ကို အနီးကပ်တိုးကြည့်လိုက်တယ်။ သူ လက်ကိုမြှောက်ပြီး သူမရဲ့မျက်လုံးတွေကို ထိကြည့်တော့မယ့်အချိန်မှာ ဘေးပတ်လည်ကအနက်ရောင်အခိုးအငွေ့တွေဟာ ရုတ်တရက် ရှေ့သို့ တိုးထွက်လာပြီး အကာကွယ်တစ်ခုဖြစ်တည်ကာ သူ့ရဲ့လက်ချောင်းတွေကို တားဆီးလို့သွားသည်။
ကျီယွင်ဟယ် အံ့အားသင့်လို့သွားသည်၊ ဆရာတော်ကြီးလည်း မျက်ခုံးတွေပင့်တက်သွား၏။
“ဒီမိစ္ဆာစွမ်းအင်တွေက မင်းရဲ့ထိန်းချုပ်မှုအောက်မှာ တိုက်ရိုက်ရှိမနေဘူးဆိုပေမဲ့ သူ့ရဲ့သခင်ကိုသူ ကာကွယ်ရမယ်ဆိုတာကိုတော့ သိနေသေးတာပဲ” စိတ်ဝင်စားမှုအပြည့်နဲ့ သူ့ရဲ့နှုတ်ခမ်းသားတွေ ကွေးတက်လို့သွား၏။ “မဆိုးဘူး”
သူ့ရဲ့လက်လေး နောက်ဆုတ်သွားတာနဲ့ အနက်ရောင်အခိုးအငွေ့ဟာလည်း အလိုအလျောက် ပျောက်ပျက်သွားပြီး ဘေးပတ်လည်မှာပဲ ဦးတည်ရာမရှိ ပြန်လည်မျောလွင့်လာကြ၏။
သူမရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ပတ်ခွေနေတဲ့အနက်ရောင်အခိုးအငွေ့ကို ကျီယွင်ဟယ် ခေါင်းလှည့်ပြီး ကြည့်နေမိ၏။ “ဒါက… ကျွန်မရဲ့မိစ္ဆာစွမ်းအင်တဲ့လား?”
မိစ္ဆာတွေရဲ့မိစ္ဆာစွမ်းအင်က မိစ္ဆာဆရာတွေရဲ့ဝိဉာဉ်စွမ်းအားကဲ့သို့ဖြစ်သည်၊ တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်အစွမ်းရှိကြတယ်။ မိစ္ဆာအများစုဟာ သူတို့ရဲ့စွမ်းအင်တွေကိုအသုံးပြုတဲ့အချိန်တိုင်း တစ်မူထူးခြားတဲ့အရောင်အဝါကို ထုတ်လွှင့်လေ့ရှိတယ်။ လီဆူးတစ်ယောက် ထောင့်၁၀ထောင့်ဖွဲ့စည်းပုံကို ချိုးဖျက်ဖို့ သူ့ရဲ့သွေးဖွဲ့စည်းပုံကို ပြုလုပ်တဲ့အချိန်တုန်းက သူ့ရဲ့မိစ္ဆာစွမ်းအင်ဟာ လေတွေကို အနီရောင်အဖြစ် ပြောင်းလဲသွားစေခဲ့တယ်။ နောက်ပြီး ချင်းကျီနဲ့ ချန်ယီတို့ရဲ့ကြည်လင်တောက်ပတဲ့ အပြာရောင်အလင်းတန်းမှလွဲ၍ အရောင်မဲ့တောက်ပမှုမျိုးကို သာလွန်အဆင့်လို့ သတ်မှတ်လို့ရတယ်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasiaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
