အပိုင်း (၈၅) နာမည်နဲ့ အသက်

562 54 1
                                        

အပိုင်း (၈၅) နာမည်နဲ့ အသက်

အားကျီနဲ့ ကျီနင်တို့ကို ခန်းမဆောင်ကြီး၏ထိပ်ဖျားသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ရုံးတော်ဟာ မြောက်ပိုင်းကမိစ္ဆာတွေကို စီမံခန့်ခွဲအုပ်ချုပ်ဖို့အတွက် မူလအစတည်းက မိစ္ဆာပွဲကြည့်စင်ကို တည်ဆောက်ထားခဲ့သည်။ ခန်းမကြီးဟာ ရိုးရှင်းပြီး ထိန်ထိန်လင်းနေတော့သည်။ အနက်ရောင်ဝတ်ရုံ ဆင်မြန်းထားတဲ့ကျောင်းရန်ကတော့ ထိပ်ဆုံးပုလ္လင်ပေါ်မှာ ထိုင်လို့နေပြီး၊ သူ့ရဲ့မျက်နှာက အေးတိအေးစက်နဲ့ နန်းဆန်နေတော့သည်။ လက်တွေ့ကျကျပြောရမယ်ဆိုရင် သူက အောက်ဘက်မှာထိုင်နေတဲ့လူတွေထံ အကြောက်တရားဖြန့်လို့နေပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် အားကျီ ကြောက်လန့်မနေခဲ့ဘူး။

သူ့ရဲ့ရိုက်နှက်မှုကို ခံထားရတာတောင်မှပဲ ကြောက်လန့်မနေခဲ့ဘူး…

အပေါ်မှာထိုင်နေတဲ့ကျောင်းရန်ဟာ အရမ်းကိုအထီးကျန်ဆန်နေတဲ့ပုံပေါ်နေတယ်လို့တောင် သူမ တွေးမိနေခဲ့တာ… သူမ၏နှလုံးသားဟာ သူ့အတွက်နဲ့ ယုတ္တိမဆန်စွာနာကျင်သွားခဲ့သည်။

သူမ ဘာဖြစ်နေမှန်း အားကျီမသိခဲ့ပေမဲ့ လင်းဟောက်ချင်း သူမကို မြောက်ပိုင်းဆီမသွားခိုင်းတဲ့ အကြောင်းပြချက်က ကျောင်းရန်ကြောင့်ဖြစ်မှန်း သိနေမိ၏။ သူ့ကိုတွေ့တိုင်း သူမ ဘာလို့စိတ်တွေ အရမ်းရှုပ်လာတာလဲ? ဒီကျောင်းရန်ကို သူမရဲ့အရင်ဘဝမှာတုန်းက တွေ့ဖူးတာဖြစ်ရမယ်၊ နောက်ပြီး သူက အရမ်းကိုထူးဆန်းတယ်။

ရန်သူလား၊ ဒါမှမဟုတ် ချစ်သူတွေလား?

သူမ ဘာတစ်ခုမှမမှတ်မိတော့တာကြောင့် အားကျီ မတွေးတတ်တော့ဘူး။ ကနဦးအနေနဲ့ ဆုံးဖြတ်ရမယ်ဆိုရင်… ဒီကျောင်းရန်နဲ့ သူမရဲ့ဆက်ဆံရေးက သိပ်ကောင်းလှမှာမဟုတ်မှန်း ခန့်မှန်းနိုင်ခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ သူမကိုကယ်ခဲ့တဲ့သူက လင်းဟောက်ချင်းပဲလေ။ သူက သူမကို ကောင်းကောင်းပြုစုပြီး သူမရဲ့ဆရာဖြစ်လာကာ သူမရဲ့အသက်မွေးဝမ်းကြောင်းစွမ်းရည်တွေကို သင်ကြားပေးခဲ့တယ်။ နောက်ပြီး အရေးကြီးဆုံးကတော့ သူက သူမဆီမှ ဘာတစ်ခုမှမလိုချင်ခဲ့ဘူး…

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now