အပိုင်း (၆၅) ရည်မှန်းချက်ကြီး

686 73 0
                                        

အပိုင်း (၆၅) ရည်မှန်းချက်ကြီး

ချန်ယီတစ်ယောက် မိုးကောင်းကင်ရဲ့အလိုတော်ကိုဆန့်ကျင်ပြီး ကျီယွင်ဟယ်၏ကံကြမ္မာကို ပြောင်းလဲချင်ခဲ့တယ်။

ဘုန်းကြီးကလည်း ဒီလိုလုပ်မယ်ဆိုရင် ခက်ခဲလိမ့်မယ်ပြောကာ ဆက်လုပ်ဖို့တွန့်ဆုတ်နေလေသည်။ ကျီယွင်ဟယ်လည်း တွန့်ဆုတ်နေမိ၏၊ ဒါက စိတ်ဒုက္ခကြီးတစ်ခုလို့ပဲ သူမ ခံစားရတယ်။ သူမက “အိုမင်းရင့်ရော်တဲ့သူမရဲ့အရွယ်”ကို ငြိမ်းငြိမ်းချမ်းချမ်းလေးပဲ ဖြတ်သန်းချင်ခဲ့တာ။

သို့သော် ချန်ယီကတော့ ထိုကိစ္စနဲ့ပတ်သက်ပြီး ခေါင်းအရမ်းမာနေတယ်။

သူက ခုန်းမင်ကို သူမကိုကုသပေးဖို့လာခိုင်းပြီး သူ့ရဲ့ကုသပေးမှုကိုလက်ခံဖို့ ကျီယွင်ဟယ့်အား အတင်းကျပ်လက်ခံခိုင်းခဲ့တယ်။

အပျင်းထူတဲ့သမားတော်နဲ့ လူနာတို့ရဲ့ရိုးသားမှုကင်းမဲ့နေတဲ့ဆက်ဆံရေးကို ရှောင်ရှားဖို့အလို့ဌာ၊ ချန်ယီတစ်ယောက် သူတို့ဘေးမှာ မတ်တပ်ရပ်ရင်း သူတို့နှစ်ယောက်ကို အချိန်တိုင်းစောင့်ကြည့်နေမိ၏။

ချန်ယီ အလုပ်တွေနဲ့အရမ်းကိုအလုပ်ရှုပ်ပြီး လူတွေက ညနက်ကြီးထိ သတင်းတွေလာပို့ကြတဲ့အချိန်မှာ၊ အခန်းထဲမှာ ခန်းဆီးလိုက်ကာတစ်ခုပဲ ကာထားလိုက်တယ်။ သူကတော့ လိုက်ကာ၏အရှေ့ဘက်မှာ အလုပ်လုပ်ဖို့ထိုင်နေစဉ်၊ ကျီယွင်ဟယ်နဲ့ ခုန်းမင်တို့ကတော့ အနောက်ဘက်မှာ ရောဂါစမ်းသပ်ကုသရေး လုပ်နေခဲ့ကြသည်။

အဲ့ဒီလိုအချိန်မျိုးမှာ ပုံမှန်အားဖြင့်၊ အသံတွေကိုလုံအောင်ပိတ်ထားဖို့ ခန်းဆီးလိုက်ကာထဲမှာ ချိတ်ပိတ်စည်းတစ်ခု ထည့်ထားလေသည်။ ဒါက တစ်ယောက်နဲ့တစ်ယောက် ဝင်ရောက်စွက်ဖက်ခြင်းကို တားဆီးထား၏။

ကျီယွင်ဟယ်၏ခန္ဓာကိုယ်က အခုချိန်မှာ အားနည်းနေသော်ငြားလည်း သူမရဲ့ဦးနှောက်က အရမ်းကိုကောင်းနေလွန်းသည်။ သူမ ချန်ယီ၏စောင့်ကြည့်မှုအောက်ကနေ လွတ်မြောက်သွားတာနဲ့တပြိုင်နက် သူ့ရဲ့လူတွေကို လှည့်စားဖို့ကြိုးစားလိုက်သည်။

သူမ ခုန်းမင်ကို တောက်ပတဲ့အပြုံးလေးနဲ့ လှမ်းကြည့်လိုက်တယ်။ “ဆရာတော်ခုန်းမင်၊ ရှင်က ကျွန်မကို မကူညီချင်ဘူး၊ ကျွန်မကလည်း ဒီဝေဒနာကြီးကို ဆက်ပြီးမခံစားချင်တော့ဘူး၊ ဒါကြောင့် ကျွန်မတို့ရဲ့အချိန်တွေက ဘာကြောင့်ဒီနေရာ(ကုသရေး)မှာပဲဖြုန်းနေတော့မှာလဲ?”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now