အပိုင်း (၁၄) ထိလိုက်တာနဲ့ သက်သာသွားလိမ့်မယ်
ကျီယွင်ဟယ် မူးနောက်နောက်နှင့် နိုးထလာခဲ့ပြီး သူမ ကောင်းကင်ဘုံပေါ်ရောက်သွားတယ်လို့ပဲ တွေးမိသွား၏။
သူမ ရူးသွားတာတော့မဟုတ်ဘူး၊ သူမရဲ့ဘေးပတ်လည်က အရာအားလုံးဟာ အလွန့်အလွန် ထူးခြားဆန်းကြယ်လို့နေ၏။
သူမရဲ့ဘေးမှာ အိပ်ပျော်နေတဲ့အမြီးကြီးနဲ့ငါးကလွဲလို့ တစ်ခြားဘယ်သူမှမရှိတော့ဘူး။ မြင်တွေ့မိသမျှကတော့ ရွှေရောင်ထွန်းတောက်တဲ့ခမ်းနားကြီးကျယ်မှုနှင့်အတူ ဒဏ္ဍာရီလာကောင်းကင်နန်းတော်တစ်ခုလိုမျိုး ကမ္ဘာမြေပြင်ကနေ ကောင်းကင်ယံအထိ အတိုင်းအဆမဲ့ရွှေရောင်ဖျော့ဖျော့လေးသာဖြစ်သည်။ ကျီယွင်ဟယ် နေရာအနှံ့ရှာဖွေကြည့်လိုက်ပေမဲ့ နန်းတော်ကိုတော့ မတွေ့ခဲ့ရဘူး။
သူမ မတ်တပ်ထရပ်ပြီး လက်ဖျစ်တီးကာ သူမရဲ့ဓါးရှည်ကိုဆင့်ခေါ်ဖို့ ကြိုးစားကြည့်လိုက်တယ်။ လက်ဖျစ်တီးသံက အလှမ်းဝေးဝေးသို့ ပဲ့တင်ထပ်လို့သွားပေမဲ့ ဓါးတော့ ရောက်မလာခဲ့ဘူး။
ကျီယွင်ဟယ် ခဏရပ်ပြီး သူမရဲ့သွေးကြောကိုစမ်းကြည့်တယ်။ သူမ အတော်လေးထိတ်လန့်သွား၏...
သူမရဲ့ဝိဉာဉ်စွမ်းအားတွေအကုန်လုံး ပျောက်ကွယ်သွားပြီ!
လူတစ်ယောက်က မိစ္ဆာဆရာဖြစ်လာရတဲ့အကြောင်းအရင်းက သူ့မှာ သာမာန်လူသားတွေမပိုင်ဆိုင်ထားတဲ့ ထူးခြားသောဝိဉာဉ်စွမ်းအားနဲ့ မွေးဖွားလာလို့ပဲဖြစ်သည်။ ဒါကြောင့် သူတို့ဟာ မှော်စွမ်းအင်ကို လေ့ကျင့်နိုင်တာပဲ ဖြစ်သည်။
ပုံမှန်အားဖြင့် လူတစ်ယောက်၏သွေးကြောက နှလုံးသားခုန်နှုန်းနှင့်အတူ ရွေ့လျားနေတာ။ ဝိဉာဉ်စွမ်းအားရှိတဲ့ လူတွေကတော့ သူတို့ရဲ့အရေပြားအောက်မှာ ပုန်းကွယ်သွေးကြောလို့လူသိများကြတဲ့ ဒုတိယသွေးကြောတစ်ခု ပါရှိကြ၏။
ပုန်းကွယ်သွေးကြောဟာ မွေးဖွားလာကတည်းက ထူးထူးခြားခြား စွမ်းအားပြင်းထန်ပြီး အသက်အရွယ်နှင့်အတူ တဖြည်းဖြည်းချင်း စွမ်းအားလျော့နည်းသွားပေမဲ့ အလုံးစုံပျောက်ကွယ်သွားတာမျိုးတော့ တစ်ခါမှ မဖြစ်ဖူးဘူး။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
