အပိုင်း (၁၁၄) အိပ်ပျော်သွားပြီ

561 45 3
                                    

အပိုင်း (၁၁၄) အိပ်ပျော်သွားပြီ

ကြယ်ရောင်တောက်တဲ့ညဉ့်ကောင်းကင်ယံမှာ မျောလွင့်နေတဲ့မီးပုံးလေးတွေဟာ တစ်ညလုံးပျံဝဲနေခဲ့သည်။

မင်္ဂလာပွဲအခမ်းအနားပြီးဆုံးသွားတဲ့နောက် ကျီယွင်ဟယ်နဲ့ ချန်ယီတို့ ရိုးရှင်းတဲ့စားပွဲလေးတစ်ခုနဲ့ ဧည့်ခံကြသည်၊ လက်ဖက်ရည်သောက်ပြီးနောက် ဧည့်သည်တော်တွေကို လက်ပြနှုတ်ဆက်ကြတော့သည်။ သူတို့အားလုံးဟာ အရမ်းကိုအလုပ်ရှုပ်နေကြတာမို့ စကားပြောနေရစ်ဖို့ တစ်ယောက်မှ အချိန်မရှိခဲ့ကြဘူး။

အခန်းအတွင်း၌ ကျီယွင်ဟယ် ဖြီးလိမ်းပြင်ဆင်ပြီး အိပ်ရာဘေးမှာထိုင်နေတဲ့ချန်ယီ့ကို လှည့်ကြည့်လိုက်တယ်။ သူကတော့ ဝတ်စုံပေါ်ကငါးအမြီးချည်ထိုးလေးကို ညင်သာစွာပွတ်လို့နေ၏၊ သူ့ရဲ့လက်ချောင်းထိပ်လေးတွေက နူးညံ့ပြီး သူ့ရဲ့အကြည့်လေးတွေက နွေးထွေးနေလေသည်။

သူမ သူ့ရဲ့နံဘေးသို့လျှောက်သွားပြီး သူ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ “ဖက်ထားပေး” သူမ သူ့ရဲ့ဆံနွယ်တွေကိုသပ်ပေးရင်း ဆိုလေသည်။

ချန်ယီ ဝတ်စုံထောင့်လေးကိုလွှတ်ပြီး ကျီယွင်ဟယ်၏ခါးကိုဖက်ကာ သူ့ရဲ့မျက်နှာလေးကို သူမ၏ဝမ်းဗိုက်နဲ့ ဖိကပ်ထားလိုက်သည်။ ဒီနေရာက သူမခန္ဓာကိုယ်၏အနူးညံ့ဆုံးအပိုင်းဖြစ်ပြီး အနွေးထွေးဆုံးလည်း ဖြစ်သည်။ ဒါက သူ့ရဲ့ဘေးပတ်လည်မှာရှိတဲ့အအေးဓာတ်ကို ပူနွေးသွားစေသည်။

သူမတို့နှစ်ဦး စကားတစ်ခွန်းမှမပြောဘဲ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားလိုက်တယ်၊ တိတ်ဆိတ်မှုက စကားလုံးပေါင်းတစ်ထောင်ထက် ပိုကောင်းနေနှင့်ပြီ။

အချိန်အတော်ကြာသွားပြီးနောက် ချန်ယီ ဆိုလာခဲ့သည်၊ “ကိုယ့်ရဲ့အမြီးကို မဆုံးရှုံးခဲ့ဘူး”

“အမ်?”

“အမြီးက မင်းနဲ့အတူ ဒီမှာရှိနေတယ်၊ မင်းက ကိုယ့်ရဲ့အမြီးလေးပဲ”

သူ့ရဲ့မျက်နှာလေးဟာ သူမကိုညင်သာစွာပွတ်သပ်လာခဲ့သည်၊ ကျီယွင်ဟယ် သူ့ကိုပိုပြီးတင်းကျပ်အောင် ဖက်ထားလိုက်သည်။ “ရှင်ကလည်း ကျွန်မရဲ့အစိတ်အပိုင်းတစ်ခုပါ” သူမ ဆိုလိုက်သည်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now