အပိုင်း (၆၆) စမ်းကြည့်တာ

710 68 0
                                        

အပိုင်း (၆၆) စမ်းကြည့်တာ

ကျီယွင်ဟယ် ခုန်းမင်ကို ရက်အတော်ကြာစောင့်ကြည့်လေ့လာလိုက်တော့ သူ့မှာ(ခုန်းမင်) ချန်ယီကိုပြောပြမယ့်ရည်ရွယ်ချက်မရှိဘူးဆိုတာ သေချာသိသွားတယ်။

သူမရဲ့စိတ်ဖိစီးမှုကြီး ပြေလျော့သွား၏။ သို့သော် ချန်ယီနဲ့အတူ တစ်မိုးတည်းအောက်မှာ ရက်အတော်ကြာနေထိုင်ပြီးတဲ့နောက် ကျီယွင်ဟယ်တစ်ယောက် စိတ်ဖိစီးလာပြန်၏။

ချန်ယီက… တစ်စက်လေးမှ မအိပ်ဘူး။

ကျီယွင်ဟယ်က နေရောင်ကိုမမြင်တွေ့နိုင်တာမို့၊ နေ့ခင်းမှာအိပ်ပြီး ညဉ့်အချိန်မှာ ပြန်ထတယ်။ သူမ ထမင်းစားတာကိုစောင့်ကြည့်ပြီးတဲ့နောက် ချန်ယီ ပြန်သွားအိပ်လိမ့်မယ်လို့ သူမ ထင်ထားခဲ့တာ။

သို့သော် သူမ ထမင်းစားတဲ့အချိန်မှာ ချန်ယီက သတင်းပို့စာလွှာတွေကိုဖတ်နေမှန်း သိခဲ့ရတယ်။ သူမ ကျောက်မီးသွေးဖိုထဲကမီးတောက်လေးတွေနဲ့ ဆော့ကစားတဲ့အချိန်မှာလည်း ချန်ယီက သတင်းပို့စာလွှာတွေကို ဖတ်နေတယ်။ နေထွက်လာပြီး သူမ အိပ်ရာဝင်ဖို့ ခြေလက်ဆေးတဲ့အချိန်မှာလည်း ချန်ယီက သတင်းပို့စာလွှာတွေကို ဖတ်လို့နေတုန်းပဲ။

နေ့ခင်းပိုင်းမှာ သတင်းပို့စာလွှာတွေ၊ ညွှန်ကြားချက်တွေကိုပေးပို့ကြဖို့ လူတွေတစ်သုတ်ပြီး တစ်သုတ်ရောက်လာတယ်။

နေ့လယ်စာစားပြီးတဲ့နောက် သူ ခဏတဖြုတ်အနားယူတာကိုပဲ ကျီယွင်ဟယ် ရံဖန်ရံခါတွေ့ခဲ့ရတယ်၊ ထို့နောက် မွန်းလွဲပိုင်းရောက်တာနဲ့ သူ အလုပ်တွေပြန်လုပ်တော့သည်။ ညနေခင်း သူမ ထမင်းစားပြီးတဲ့နောက် သူ ခဏတဖြုတ်အနားယူတယ်။ သူ့ရဲ့အနားယူချိန်ပေါင်းက တစ်ရက်မှာ ၁နာရီ၊ ၂နာရီထက်တော့ မပိုဘူး။

ကျီယွင်ဟယ် စိုးရိမ်ပူပန်မှုတွေကို ရက်အတော်ကြာချုပ်တည်းထားပြီးနောက် အဆုံးသတ်တော့ ညစာစားရင်း သူ့ကို မေးလိုက်တော့သည်။

“ဒီတစ်လအတွင်း ဘယ်သူအရင်သေမလဲဆိုတာကိုစောင့်ကြည့်ဖို့ ရှင် ကျွန်မနဲ့ပြိုင်နေတာလား?”

ချန်ယီတစ်ယောက် စာလွှာဆီမှ မျက်လုံးလေးတွေပင့်လာပြီး ဆိုလိုက်တယ်၊ “မင်း သေမှာမဟုတ်ဘူး”

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now