အပိုင်း (၃၉) အစီအစဉ်
ကျီယွင်ဟယ် လင်းဟောက်ချင်းရဲ့အိမ်ကိုရောက်တဲ့အချိန်မှာ အပြင်ဘက်၌ အကြီးအကဲတွေ ဝိုင်းရံစုစည်းနေကြသည်။
သူတို့တွေဟာ အခန်းအတွင်းသို့ လှမ်းကြည့်နေကြရင်း မျက်နှာတွေဟာ မည်းမှောင်လို့နေ၍ အခန်းအတွင်းထဲမှ မေးခွန်းတွေအဆက်မပြတ် ထွက်လာတော့သည်။
“ငါတို့ရဲ့တောင်းဆိုချက်ကိုလစ်လျူရှုပြီး တောင်ကြားသခင်ကြီးရဲ့ခန္ဓာကိုယ်ကို ဘာကြောင့်သိုသိုသိပ်သိပ် မီးရှို့ပစ်လိုက်တာလဲ?”
“တောင်ကြားသခင်လေးက တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့ကြိုးစားနေတာလား?”
ကျီယွင်ဟယ် မျက်ခုံးတွေပင့်တက်သွား၏။ ဒါဆို အကြီးအကဲတွေက သူမကို တောင်ကြားသခင်ကြီးဖြစ်လာဖို့ ဖျောင်းဖြတဲ့အုပ်စုတစ်စု စေလွှတ်ပြီး တစ်ခြားအုပ်စုက လင်းဟောက်ချင်းကို လာရှာကြတာလား…?
သူမ လူအုပ်ကြားထဲတိုးဝင်ပြီး အခန်းအတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။ သူတို့တွေဟာ သူမကို မြင်လိုက်တာနဲ့ မေးခွန်းတွေ ရပ်တန့်သွားတော့သည်။
လင်းဟောက်ချင်း ကျီယွင်ဟယ့်ကို ခေါင်းလှည့်ကြည့်၏။ အကြီးအကဲတွေရဲ့ဖိအားအောက်မှာ သူလည်း သိပ်အဆင်မပြေတဲ့ပုံပဲ။ သူ့ရဲ့လက်ထဲမှာ စုတ်တံတစ်ချောင်းကိုကိုင်ထားပြီး စုတ်တံရဲ့ထိပ်က စာရွက်ပေါ်မှာ မလှုပ်မရှားရပ်နားနေပြီး ကြီးမားတဲ့မှင်စွန်းကြီးဖြစ်ပေါ်သွားသည်။
သူ ကျီယွင်ဟယ်ကိုကြည့်တဲ့အကြည့်က… ဒါဆို မင်းလည်း ငါ့ကိုစွပ်စွဲဖို့ ရောက်လာတာလား?လို့ ပြောနေသယောင်။
ကျီယွင်ဟယ် သူ့ကိုပြန်ကြည့်ပြီး လက်တွေကိုစု၍ ဂါရဝပြုလေသည်၊ “တောင်ကြားသခင်ကြီး”
လင်းဟောက်ချင်း အံ့အားသင့်သွားတော့သည်။
ဘေးပတ်လည်ကလူတွေအားလုံးလည်း အံ့အားသင့်သွားကြသည်။
ကျီယွင်ဟယ်က သူ့ကို “တောင်ကြားသခင်လေး”လို့မခေါ်ဘဲ “တောင်ကြားသခင်ကြီး”လို့ နှုတ်ခွန်းဆက်လိုက်တာ။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...