အပိုင်း (၁၅) လူစကားပြောခြင်း
ကျီယွင်ဟယ်တစ်ယောက် အကြာကြီးရှာရတော့မည်ဟုတွေးထားမိသော်လည်း သိပ်မကြာခင်မှာပဲ မြေပြင်ပေါ်မှာ မီးတောင်ပေါက်ဝကြီးတစ်ခုကို တွေ့လိုက်ရတော့သည်။
သူမကိုဝန်းရံထားတဲ့ အဆုံးမဲ့ရွှေရောင်အလင်းမှုန်တွေနဲ့မတူဘဲ မြေပြင်ပေါ်ကဒီချိုင့်ခွက်လေးထဲမှာ အံ့အားသင့်ဖွယ်ကောင်းစွာ သစ်ပင်၊ ပန်းမန်၊ မြက်ခင်းစိမ်းပြင်တွေနဲ့ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းငယ်လေးအပြင် ချောင်းလယ်၌ သစ်သားအိမ်လေးတစ်လုံးပါရှိလို့နေ၏။
ဘေးပတ်လည်မှာ ဗလာနတ္တိပြန့်ကြဲနေတဲ့ရွှေရောင်အလင်းမှုန်တွေကြောင့်သာ မဟုတ်ရင် ကျီယွင်ဟယ်တစ်ယောက် တောင်ပိုင်းရဲ့ရွာငယ်လေးတစ်ချို့ဆီ ခြေချလိုက်ရတယ်လို့တွေးမိသွားမှာပဲ။
ထောင့်၁၀ထောင့်ဖွဲ့စည်းပုံရဲ့အလယ်မှာ ဒီလိုနိဗ္ဗာန်ဘုံလေးကို ဘယ်သူတည်ဆောက်ခဲ့တာလဲ?
ကျီယွင်ဟယ် ကြည့်ရင်းထူးဆန်းအံ့သြမိသွား၏။ ကျောက်စိမ်းဖီးနစ်ဌက်ကြီး သက်တောင့်သက်သာနေရဖို့ အတွက် မိစ္ဆာဆရာ၁၀ယောက်က ဒီနေရာကိုတည်ဆောက်ခဲ့တာ မဖြစ်နိုင်လောက်ဘူးမလား? တစ်ခုတည်းသောဖြစ်နိုင်ချေကတော့ နှစ်ပေါင်းများစွာ ဒီနေရာမှာပိတ်လှောင်ခံထားရတဲ့ မိစ္ဆာဌက်ကြီးက ဒီကမ္ဘာငယ်လေးကို သူမဘာသာသူမ တည်ဆောက်လိုက်တာပဲဖြစ်သည်။
“သူမက တကယ့်ကိုအရည်အချင်းရှိတဲ့မိစ္ဆာပဲ”
ကျီယွင်ဟယ် မြက်ခင်းစိမ်းပြင်ပေါ် လျှောက်သွားမိ၏။
သူမ အတွင်းသို့ဝင်ရောက်သွားလေလေ ပိုပြီးထူးဆန်းလာလေလေဖြစ်သည်။
ဌက်ကလေးတွေရဲ့ကျည်ကျည်ကျာကျာအော်သံတွေရော သစ်ပင်ပန်းမန်တွေရဲ့ရနံ့လေးတွေပါ ချို့တဲ့ခြင်းမရှိဖြစ်နေတာ သေချာပေါက်ပဲပေါ့။ သို့သော် ဌက်ကလေးတွေရဲ့ကျည်ကျည်ကျာကျာအော်သံကိုပဲ ကြားနေရတယ်။ မြေပြင်ပေါ်က ကျောက်တုံးအသေးလေးတွေပေါ်မှာ ထွင်းထုထားတဲ့ဌက်လေးတွေကလွဲ၍ တစ်ခြားသက်ရှိဌက်လေးတစ်ကောင်မှမရှိခဲ့ဘူး။ ရွှေရောင်ခွေးတစ်ကောင်ကလည်း အလှမ်းဝေးဝေးမှာ မလှုပ်မယှက်နဲ့ထိုင်လျက်ရှိနေကာ သစ်ပင်နောက်မှ ဟောင်နေခဲ့သည်။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
ФэнтезиThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
