အပိုင်း (၉၂) သူငယ်ချင်းတစ်ယောက် ပြန်လာတဲ့အတိုင်း

417 48 0
                                    

အပိုင်း (၉၂) သူငယ်ချင်းတစ်ယောက်ပြန်လာတဲ့အတိုင်း

ဧရာမရေခဲနံရံကြီးက တောင်တန်းကြီးတွေပေါ်မှာ ဖြန့်ကြက်ထား၏။

အနက်ရောင်ဝတ်ရုံနဲ့အထီးကျန်ပုံရိပ်လေးတစ်ခုက ကြီးမားကျယ်ပြန့်တဲ့ရှုခင်းတွေကြားမှာ မယုံနိုင်စရာကောင်းလောက်အောင် အရမ်းကိုသေးကွေးနေခဲ့ပေမဲ့ သူက မိခင်ကမ္ဘာမြေကြီး၏ အပြင်းထန်ဆုံးသဘာဝတိုက်ခိုက်မှုတွေထဲကတစ်ခုကို ခုခံတွန်းလှန်နေခဲ့သည်။

သူ ရှေ့သို့ပျံသန်းသွားစဉ် နံရံကြီးဟာ သူ့ရဲ့လက်တွေအောက်မှာ မြှင့်မားပြီးရှည်လျားလာတယ်၊ သူ့ရဲ့နောက်မှ လိုက်ပါလာတဲ့လူတွေဟာလည်း သူတို့ရဲ့အစွမ်းတွေနဲ့အတူ နံရံကြီးကိုထောက်ပံ့ဖို့ အားနည်းတဲ့နေရာတွေမှာ တစ်ဦးပြီးတစ်ဦးကျန်ရစ်လေသည်။

ချော်ရည်တွေဟာ ရေခဲနံရံကြီးတစ်လျှောက်စီးဆင်းလာပြီး အနက်ရောင်ကျောက်တုံးကြီးတွေ ဖြစ်တည်ကျန်ရစ်ခဲ့သည်။

အားကျီ ချန်ယီ့ရှေ့ပျံသန်းသွားလိုက်သည်။ သူမ နယ်မြေအနေအထားကိုလေ့လာပြီး သူ့ကို အေးခဲနေတဲ့ရေကန်ဆီ လမ်းညွှန်ပြခဲ့တယ်။

ချော်ရည်တွေကို ရေကန်ဆီရောက်အောင် ပို့ဆောင်ရတာဟာ ရိုးရှင်းတဲ့အစီအစဉ်တစ်ခုလို့ ထင်ရပေမဲ့ ထိုလမ်းတစ်လျှောက် ရေခဲနံရံကြီးကိုတည်ဆောက်ဖို့ စွမ်းအားဘယ်လောက်လိုအပ်လေမလဲဆိုတာ သေချာမသိခဲ့ဘူး။ ချန်ယီ အကုန်လုပ်နိုင်ပါ့မလား သူမ စိတ်ပူနေမိ၏။

သူမ သူ့ကို နောက်ပြန်လှည့်ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာပေါ်မှာ မူမမှန်တာတစ်ခုမှ မတွေ့လိုက်ရဘူး၊ ဒါကြောင့် သူမ ရှေ့သို့ဆက်သွားလိုက်တယ်။

ရေကန်ဆီချဉ်းကပ်သွားရင်း အားကျီ လေထဲခုန်ဝင်ကာ အမြီး၅ချောင်းအစွမ်းကို ဆင့်ခေါ်လိုက်တယ်။ လက်တစ်ဖက်ကိုကျစ်အောင်ဆုပ်ရင်း အေးခဲနေတဲ့မျက်နှာပြင်ကိုရိုက်ချကာ ရေခဲတွေကို ကွဲအက်သွားစေခဲ့သည်။ နံရံကြီးဟာ သူမရဲ့နောက်ကနေ ကပ်လျက်လိုက်ပါလာခဲ့တယ်။ ချော်ရည်တွေ ရေကန်ထဲစီးဆင်သွားပြီး ရေတွေချက်ချင်းဆူပွက်လာခဲ့တယ်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now