အပိုင်း (၃၈) နှလုံးသားအပြောင်းအလဲ
နောက်ဆုံးတော့ မင်းသမီးဆွန်းသဲ ထွက်ခွာသွားပြီ။
သို့ရာတွင် သူမရဲ့ပန်းခင်းလမ်းက ကျန်ရစ်မြဲဖြစ်သည်။ နေ့ချင်းတွင်းမှာပဲ ထိုပန်းခင်းလမ်းက ခြောက်သွေ့ပြီး ဆွေးမြေ့သွားတယ်၊ ပန်းတွေရဲ့မွှေးရနံ့ကတော့ ပုပ်သိုးနံ့အဖြစ်ပြောင်းလဲသွားသည်။ နွေဦးနှောင်းပိုင်းကာလမို့ မိုးလေးတွေတစ်စက်ပြီးတစ်စက်ကျဆင်းနေတာအပြင် တောင်ကြားတစ်ခုလုံးမှာ ပိုးကောင်တွေ၊ ခြင်တွေနဲ့ ပြည့်နှက်နေတော့သည်။ လူတိုင်းဟာ ဆင်းရဲဒုက္ခခံစားနေကြရသည်။
လင်းချန်းလန်၏ခန္ဓာကိုယ်ကို ထပ်ပြီးဖုံးကွယ်ထားဖို့ မရနိုင်တော့ဘူး။ လင်းဟောက်ချင်းဟာ ထပ်ပြီးအချိန်မဆွဲတော့ဘဲ သူ့ရဲ့သေဆုံးမှုကို လူသိရှင်ကြား ကြေညာလေသည်။
သတင်းထွက်လာတဲ့အချိန်မှာ လူတိုင်းဟာ အံ့အားသင့်ပြီး မှင်သက်သွားကြတယ်။ ဒီမှာရှိတဲ့မိစ္ဆာဆရာတွေအများစုအတွက်တော့ လင်းချန်းလန်ဟာ ပုတီးစေ့မျက်လုံးနဲ့ မြေခွေးအိုကြီးမဟုတ်ဘဲ သူ့ရဲ့ဘဝတစ်ခုလုံးကို တောင်ကြားပေါ်မှာနစ်မြှုပ်ထားတဲ့ လူအိုကြီးတစ်ယောက်ဖြစ်သည်။
သူတို့တွေက လင်းချန်းလန်ကို ကိုးကွယ်ရာတစ်ခုအဖြစ် မှတ်ယူကြတယ်၊ ဒါကြောင့် သူက အိုမင်းပြီး အားအင်ချည့်နဲ့ကာ ဆက်ခံသူတစ်ယောက်ကို ရှာဖွေနေပြီဖြစ်နေတာတောင်မှ လူတိုင်းဟာ သူ့ကို ရိုသေလေးစားကြမြဲဖြစ်ကာ သူ ဒီမှာပဲအမြဲရှိနေလိမ့်မယ်လို့ ယုံကြည်ထားကြသည်။
ကျီယွင်ဟယ်တောင်မှ ဒီမြေခွေးအိုကြီး အမြဲရှိနေလိမ့်မယ်လို့ ယုံကြည်ထားခဲ့တာ။
သို့သော် သူ သေသွားခဲ့တယ်။
လင်းဟောက်ချင်းက သူ(လင်းချန်းလန်) နာမကျန်းဖြစ်ပြီးသေဆုံးသွားတယ်လို့ပြောပေမဲ့ ဘယ်သူ့ကိုမှ လင်းချန်းလန်၏ခန္ဓာကိုယ်ဆီ လာရောက်လည်ပတ်ခွင့် မပြုခဲ့ဘူး။ ညလယ်ခေါင်ကြီးမှာ မီးမွှေးပြီး အလောင်းကို သူ မီးရှို့ပစ်ခဲ့တယ်။
ဒါက မိုက်မဲတာလို့ ကျီယွင်ဟယ်တွေးမိခဲ့ပေမဲ့ ပိုကောင်းတဲ့အိုင်ဒီယာကို သူမလည်း မစဉ်းစားနိုင်ခဲ့ဘူး။
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...
