အပိုင်း (၆) ပင်လယ်ဝိဉာဉ်
"ကြီးကြပ်ရေးမှုး နောက်ကျနေပြီ" လင်းဟောက်ချင်း လက်တစ်ဖက်ကိုမြှောက်ကာ ရိုက်တော့မယ့်ပုံပြရင်း ပြောလာလေသည်။ ပျောက်ကွယ်သွားပြီဖြစ်တဲ့ မိုးကြိုးသွားရိုက်ချက်တွေ ပြန်လည်ထွက်ပေါ်လို့လာ၏။ အဆောင်လက်ဖွဲ့တွေအပြည့်ကပ်ထားတဲ့အနက်ရောင်သံတွေဟာ မျက်စိကျိန်းလောက်အောင် လင်းလက်လို့လာပြီး ကျောင်းရန်ကို တစ်ချက်ပြီးတစ်ချက် ရိုက်နှက်တော့သည်။
လေထဲမှာ တွဲလျောင်းချည်ထားခံရတဲ့မိစ္ဆာကတော့ နာကျင်တဲ့ပုံတစ်စက်လေးမှ ပြမလာပုံပဲ။ သူ့ရဲ့ကြွက်သားတွေဟာ အနည်းငယ်ကျုံ့လို့သွားပြီးနောက် ပြန်လည်တောင့်တင်းလာခဲ့တယ်။ ခေါင်းဟာ ငိုက်စိုက်ကျလျက် ရှည်လျားတဲ့သူ့ရဲ့ငွေရောင်ဆံနွယ်တွေက သွေးတွေနဲ့စီးကပ်နေတဲ့သူ့ခန္ဓာကိုယ်အနှံ့ ပြန့်ကြဲကျဆင်းနေတော့သည်။
အသက်မပါတဲ့စုတ်ချာချာအရုပ်လေးတစ်ရုပ်လိုပဲ။ အပြာရောင်ရေခဲမျက်လုံးတစ်စုံဟာ အခုတော့ သူ့ရဲ့မျက်ခွံတွေနောက်မှာ ပုန်းကွယ်လို့နေပြီမို့ အမူအယာတစ်ခုကိုမှမမြင်နိုင်တော့ဘူး။
ကျီယွင်ဟယ်တစ်ယောက် တည်ငြိမ်တဲ့အသွင်ဖမ်းလိုက်တယ်။ လက်မောင်းနှစ်ဖက်ကို ပျင်းရိစွာဆန့်ရင်း ထေ့သလိုလိုငေါ့သလိုလိုနဲ့ ဆိုလိုက်တော့သည်၊ "တောင်ကြားသခင်လေးက အရမ်းကို အလျင်စလိုလုပ်နေတာလို့ ဘာကြောင့်မပြောတာလဲ"
လင်းဟောက်ချင်း ပြုံးရယ်ပြလိုက်တယ်။ "ယွင်ဟယ်က မိစ္ဆာတွေသွန်သင်ရာမှာ အရမ်းကိုတော်တာ ငါအကိုတော်က လက်မနှေးရဲပါဘူး မင်းရဲ့ပြိုင်ဘက်တစ်ယောက်အဖြစ်ထိုက်တန်အောင်လို့ ငါ အကောင်းဆုံးကြိုးစားဖို့ လိုတယ်လေ"
"ကျွန်မ မိစ္ဆာတွေကိုသွန်သင်တုန်းက ဒီလောက်များတဲ့ပွဲကြည့်ပရိသတ်တွေ တစ်ခါမှမရှိဖူးဘူး" ကျီယွင်ဟယ် ရွှယ်ရှင်ကျွင်းကို မြေအောက်အကျဉ်းထောင်ရင်ပြင်ဆီဆွဲခေါ်ပြီး ကျောက်တုံးတစ်တုံးပေါ်မှာထိုင်ကာ သရော်ပြောလိုက်တော့သည်။ ရွှယ်ရှင်ကျွင်းတစ်ယောက် သူမရဲ့ဘေးမှာရပ်လျက်ရှိနေတော့ သူမ ဒီအခွင့်ရေးကိုအသုံးချပြီး ရွှယ်ရှင်ကျွင်း၏ခြေထောက်တွေပေါ်မှာ သက်တောင့်သက်သာ မှီနေလိုက်တယ်။ ရွှယ်ရှင်ကျွင်းတစ်ယောက် ငုံ့ကြည့်လို့လာပေမဲ့ သူမကိုပျင်းရိခွင့်ပြုပေးသလိုမျိုး ဘာတစ်ခွန်းမှဆိုမလာခဲ့ဘူး။ ကျီယွင်ဟယ် လက်ကိုဝှေ့ပြီး ပြောလိုက်တယ်၊ "ဆက်လုပ်ပါ အကိုတော် ဒါပေမဲ့..."
YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasiaThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...