အပိုင်း (၆၀) ပစ္စည်း
ကျီယွင်ဟယ် ပြန်လည်နိုးထလာတဲ့အချိန်မှာ ညဉ့်နက်ကြီးပဲ ဖြစ်နေသေး၏။ ဖယောင်းတိုင်၏ မီးတောက်လေးတွေက မှိတ်တုတ်မှိတ်တုတ်လင်းလက်နေပြီး အရည်သွေးကောင်းတဲ့ကျောက်မီးသွေးတွေက လောင်ကျွမ်းနေဆဲဖြစ်ကာ၊ အခန်းကိုနွေးပြီး သက်တောင့်သက်သာဖြစ်စေ၏။ ပြတင်းပေါက်အပြင်ဘက်မှ "တဝေါဝေါ"လေသံတွေနဲ့ ဆီးနှင်းကျဆင်းသံတွေက မြောက်ပိုင်း၏ထူးခြားချက်ပဲဖြစ်သည်။ ခါးသီးအေးစက်တဲ့ယနေ့ညမှာ လူဘယ်လောက်များ အမြှုပ်ခံရဦးမလဲဆိုတာ ခန့်မှန်းဖို့ခက်လှ၏။
သို့သော် စစ်ပွဲကြောင့် ဗရိုဗရဲဖြစ်နေတဲ့ဒီကမ္ဘာကြီးထဲမှာ၊ သေဆုံးခြင်းကလည်း လွတ်မြောက်လမ်းတစ်ခုပင် ဖြစ်သည်။
အခန်း၏တစ်ခြားတစ်ဖက်၌၊ အနက်ရောင်ဝတ်ရုံနဲ့အမျိုးသားတစ်ဦးဟာ ဖယောင်းတိုင်ဘေးမှာထိုင်ရင်း ကျီယွင်ဟယ့်ကို တစ်ချက်မျှကြည့်လိုက်တယ်။
သူမ၏မျက်နှာဟာ ဖြူဖျော့လို့နေပြီး၊ သူမရဲ့ခန္ဓာကိုယ်ကို ထောက်ပံ့ထားတဲ့လက်လေးတွေကလည်း ကြောက်ခမန်းလိလိသေးသွယ်လှ၏၊ နောက်ပြီး အရေပြားအောက်က သွေးကြောတွေဟာလည်း အကြောင်းတိုင်းထွက်ပေါ်လို့နေပြီး၊ အရမ်းကိုကြက်သီးထဖွယ်ကောင်း၏။
ဖတ်လျက်စစာလွှာလေးကို ဆုပ်ကိုင်ထားတဲ့ချန်ယီ၏လက်ဟာ တင်းကျပ်လို့သွား၏။ သို့သော် သူ့ရဲ့မျက်လုံးတွေက သူမဆီမှရွှေ့လာပြီး စာလွှာပေါ်ပြန်ရောက်သွားတယ်၊ သူမ ငုပ်တုပ်ထိုင်ဖို့ကြိုးစားနေတာကိုတောင် ဂရုစိုက်တဲ့ပုံတစ်စက်မှပြမလာဘူး။
တစ်ခြားတစ်ဖက်မှာလည်း ကျီယွင်ဟယ်က သူ့ရဲ့အကြည့်တွေကို မရှောင်ရှားခဲ့ဘူး။ သူမ ခဏမျှ စိုက်ကြည့်ပြီး သိချင်စိတ်နဲ့မေးလိုက်တော့သည်၊ "ရှင် ဘာတွေဖတ်နေတာလဲ?" သူ့ရဲ့လက်မောင်းနဲ့ကွယ်မထားတဲ့အပိုင်းမှ၊ "ဆရာတော်ကြီးရဲ့အိမ်တော်" နဲ့ "ကျောက်စိမ်းဖီးနစ်ဌက်ကြီး"ဆိုတဲ့စကားလုံးတွေ စာရွက်ပေါ်မှာ ရေးသားထားမှန်း ကျီယွင်ဟယ် ဝိုးတဝါးတွေ့လိုက်ရသည်။
ကျောက်စိမ်းဖီးနစ်ဌက်ကြီးဟာ လွန်ခဲ့တဲ့၁လတုန်းက မြောက်ပိုင်းမှာထွက်ပေါ်လာခဲ့တယ်၊ နောက်ပြီး၊ ရလဒ်အနေနဲ့ မင်းသမီးဆွန်းသဲ အကြီးအကျယ်ရှုံးနိမ့်သွားပြီး၊ အသတ်ခံရလုနီးပါးဖြစ်သွားခဲ့တယ်။ ဆရာတော်ကြီးဟာ မြောက်ပိုင်းသို့ ဆွဲခေါ်ခြင်းခံလိုက်ရပြီး ခါးသီးအေးစက်တဲ့မြောက်ပိုင်းမှာ ရက်ပေါင်းများစွာကြာအောင် ချင်းကျီနဲ့ တိုက်ပွဲဆင်နွှဲခဲ့တယ်။

YOU ARE READING
Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံး
FantasyThe Blue whisper (Yu Jiao Ji) ယွီကျောင်းကျီ့ Author 九鹭非香 မြန်မာဘာသာပြန်ဆိုသူ - My Novel Support us : 09965151417 (Wave or Kpay) PDFစာဖိုင်Link (Fontမတူလည်း ဖတ်လို့ရပါတယ်)- https://drive.google.com/file/d/184vOi_CWDae0VpHg_HLhGYTdiKBbtNfV/view?usp=...