အပိုင်း (၁) ကျောင်းရန်

3.8K 179 0
                                        

အပိုင်း (၁) ကျောင်းရန် (လူတစ်ပိုင်းငါးတစ်ပိုင်း-ရေသူမ/ရေသူထီး)

လွန်ခဲ့သော၆နှစ်ခန့်က မိစ္ဆာတောင်ကြားအပြင်ဘက်၌...

ကျီယွင်ဟယ်တစ်ယောက် မာနာထောင်လွှားနေတဲ့ကုန်းကုန်းဆီကနေ ကုန်ပစ္စည်းကိုလက်ခံခဲ့တဲ့အချိန်က မတ်လရဲ့အလှဆုံးနေ့ရက်လေးတစ်ရက်ဖြစ်ခဲ့သည်။

တောင်ကြားရဲ့အပြင်ဘက်တောအုပ်ကြီးဟာ စိတ်ကူးယဉ်ဖွယ်တောင်ဇလပ်ပန်းတွေနဲ့ ပြည့်လို့နေပြီး လေထုတစ်ခုလုံးမှာ နှစ်လိုဖွယ်ကောင်းတဲ့ပန်းရနံ့တွေပျံ့နှံ့နေတော့သည်။ သူမရဲ့ရှေ့မှာရှိနေတဲ့ ကုန်းကုန်းတစ်ယောက် အတောမသတ် မိန့်မှာနေတာကိုကြည့်ရင်း ကျီယွင်ဟယ်တစ်ယောက် အတော်လေးစိတ်ရှုပ်လာခဲ့တယ်။

"ငါတို့သခင်က ဒီဟာကိုဖမ်းဖို့ အတော်လေးအားစိုက်ထုတ်ထားရတာ ဒီမိစ္ဆာကိုယဉ်ပါးအောင်သင်ကြားပေးဖို့ ငါတို့ မင်းတို့ကို အချိန်၃လပေးမယ် နောက်တစ်ခေါက် ငါတို့လာသယ်တဲ့အချိန်ကျရင် ဒီလိုမျိုးဂါထာမန္တန်တွေ၊ အဆောင်လက်ဖွဲ့တွေ အပြည့်ကပ်ထားရတဲ့သေတ္တာကြီးနဲ့ ပြန်သယ်ရအောင်မလုပ်နဲ့ သယ်ရပို့ရတာ အလုပ်ရှုပ်ရုံတင်မကဘူး အရမ်းလည်း ရုပ်ဆိုးအကြီးတန်သေးတယ်"

မာနထောင်လွှားလွန်းတဲ့ဒီကုန်းကုန်းကို ကိုင်တွယ်ဖြေရှင်းဖို့တာဝန်ရှိတဲ့သူကတော့ ကျီယွင်ဟယ်ရဲ့လက်ထောက် ချွီးရှောင်ရှင်းပဲဖြစ်တယ်။ ချွီးရှောင်ရှင်းဟာ ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ပါးစပ်က ဆီကဲ့သို့ချောကာသွက်လှ၏။ သူ ပြုံးရင်း ကုန်းကုန်းကို ပြန်ဖြေလေသည်၊ "ကျန်းကုန်းကုန်း ခင်ဗျားစိတ်ချပါ ကျွန်တော်တို့ မိစ္ဆာတွေကိုသင်ကြားလာတာ ဆယ်စုနှစ်ချီနေပြီ ဒီသံသေတ္တာထဲမှာရှိနေတဲ့အကောင်က ဘယ်လိုမိစ္ဆာမျိုးပဲဖြစ်ပလေ့စေ သူတို့ ဒီနေရာကိုရောက်လာတာနဲ့ သစ္စာရှိပြီး အလျော့ပေးပြန်သွားရမှာအသေအချာပဲ ကျွန်တော်တို့ ဘာတစ်ခုမှအမှားမခံပါဘူး"

"ကောင်းပြီ ဂရုမစိုက်ဘဲမနေနဲ့ဦး ဒီကောင်က သာမာန်မိစ္ဆာမဟုတ်ဘူး"

"ဒီတာဝန်ကို မင်းသမီးဆွန်းသဲ ပေးအပ်လိုက်မှန်း ကျွန်တော်တို့သိပါတယ် မိစ္ဆာတောင်ကြားရဲ့အစီအမံတွေက ဒီမိစ္ဆာကိုနူးညံ့ယဉ်ပါးသွားအောင် အသေအချာကို လုပ်နိုင်ပါတယ် ကုန်းကုန်းပြန်လာသယ်တဲ့အချိန်ကျရင် မျက်နှာရမှာအသေအချာပဲ"

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now