အပိုင်း (၄၁) ထွက်ခွာမှု

464 61 0
                                    

အပိုင်း (၄၁) ထွက်ခွာမှု

နောက်၂ရက်လုံးဟာ ကျီယွင်ဟယ်အတွက် လွန်စွာမှအေးချမ်းနေခဲ့သည်။

လင်းဟောက်ချင်း တောင်ကြားသခင်ကြီးရာထူး ဆက်ခံယူတာကို သူမ စောင့်ကြည့်ခဲ့တယ်။

ထိုနေ့က နွေးထွေးပြီး နေသာတဲ့နေ့လေးတစ်နေ့ဖြစ်သည်။

သာမာန်အနက်ရောင်ဝတ်ရုံလေးကို ဝတ်ဆင်ထားတဲ့လင်းဟောက်ချင်းဟာ လီဖုန်းခန်းမကြီးမှတစ်ဆင့် ထိုင်ခုံမြင့်ဆီသို့ တစ်လှမ်းချင်းလျှောက်လှမ်းသွားသည်။ အပြင်ဘက်မှ လေပြေလေး တိုက်ခတ်လာပြီး သူ့ရဲ့ဝတ်ရုံနဲ့ နဖူးပေါ်ကဆံနွယ်တွေကိုမွှေနှောက်သွား၏။

သူ ထိုင်ခုံဆီသို့ရောက်ရှိပြီးတဲ့နောက် ချက်ချင်းပြန်လှည့်ပြီး မထိုင်ခဲ့ဘူး။ ထိုအစား သူ ထိုင်ခုံရှေ့မှာသာ ခဏလောက်တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

လက်ရှိအချိန်မှာ သူ့ရဲ့စိတ်ထဲ၌ ဘယ်လိုအတွေးတွေနဲ့ ခံစားချက်တွေရှိနေမလဲဆိုတာ ကျီယွင်ဟယ်ခန့်မှန်းဖို့ ခက်ခဲလှ၏။ သူမ မူလနေရာမှာပဲ မတ်တပ်ရပ်ပြီး သူ့ကိုစောင့်ကြည့်နေခဲ့သည်။

လူအုပ်ကြီးဟာ အချင်းချင်း တီးတိုးပြောဆိုလာကြသည်၊ နောက်ဆုံးတော့ လင်းဟောက်ချင်း ပြန်လှည့်ပြီး ဝတ်ရုံကိုခါကာ ထိုင်ချလေသည်။

ကျီယွင်ဟယ် ဦးဆောင်ပြီး ဒူးတစ်ဖက်ထောက်လိုက်တယ်။ “တောင်ကြားသခင်ကြီး သက်တော်ရာကျော်ရှည်ပါစေ”

တီးတိုးပြောဆိုသံတွေ တဖြည်းဖြည်းချင်းငြိမ်ကျသွားတယ်၊ ထို့နောက် လူတိုင်းဟာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လာကြသည်။

“တောင်ကြားသခင်ကြီး သက်တော်ရာကျော်ရှည်ပါစေ”

ဂါရဝပြုသံက သူ့ကို သူမတို့ရဲ့ခေါင်းဆောင်အသစ်အဖြစ် သမုတ်လေသည်။

“ဒီလိုဒူးထောက်ဂါရဝပြုဖို့ မလိုပါဘူး” လင်းဟောက်ချင်း လက်ကိုမြောက်ပြီး လူတိုင်းကိုထဖို့ အချက်ပြလေသည်။

အလင်းနဲ့ အရောင်၏ကွဲပြားခြားနားမှုအောက်မှာ ကျီယွင်ဟယ်၏မျက်လုံးတွေထဲ၌ ထိုင်ခုံပေါ်ကသခင်အသစ်ဟာ လင်းချန်းလန်နဲ့ ပေါင်းစပ်သွားပုံပေါ်တယ်။

Yu Jiao Ji ( Blue Whisper) မြန်မာဘာသာပြန်စဆုံးWhere stories live. Discover now